Part 6🍓

1.6K 46 3
                                    

ရာရာ အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်တာ ဆရာမအလှူပြီးတဲ့နေ့ကတည်းကဖြစ်သည်။

ဘေးအိမ်ကလူကြီးနဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုလ​ဲ အချိန်တိုင်းတွေးမိပြီးရှက်နေတာမို့
သူ့ဖုန်းကို block လိုက်သည်။

လိုင်းလဲမသုံးဖြစ်

မုန့်စားချင်ရင်တောင် မမကိုပဲမှာဖြစ်သည်။

အခုလည်း...

" ညီမလေး စားလေ ဘာတွေစဥ္းစားနေတာလဲ မကြိုက်လို့လား "

"ဟင် မဟုတ်ပါဘူးမမ "

"ဒါဆို ဘာလို့မစားတာလဲ ခေါက်ဆွဲတွေပွကုန်တော့မယ် "

ဒီခေါက်ဆွဲဗူးလေးကိုမြင်တော့ သူ့ကိုသတိရပြန်သည်။....

ချာတိတ်နဲ့မတွေ့ရတာတော်တော်ကြာပြီ။

ဖုန်းကိုလဲ Block ထားတော့ သူအနှောင့်ယှက် မပေးချင်

computer တစ်လုံးနဲ့အလုပ်ရှုပ်နေပေမယ့် စိတ်ကတော့ချာတိတ်စီမှာ

ဒီနေ့တော့ ညွှန်းဖွဲ့ရာရဲ့ ချစ်လှစွာသော မောင်လေးတို့ပြန်လာပြီဖြစ်သည်။

" အမယ်လေး နင်တို့မီးဖိုချောင်ထဲရောဝင်ဖြစ်ကြရဲ့လား "

ရာရာအမေကတော့ထုံးစံတိုင်း ပြောပါသည်။

" ဟဲ့ ငါ့တွက်ရော မုန့်ဖိုးမပါဘူးလား "

"နင်လိုက်လို့လား "

"ဟဲ့ငါကအမနဲ့နေခဲ့ရတာလေ "

" စကားများမနေပါနဲ့ ဒီမှာရာရာ့တွက်ဆိုပြီး မုန့်ဖိုးပေးလိုက်ပါတယ်"

ရာရာ့အဖေလက်ထဲမှာ 5000 တန်လေးတစ်ရွက်

ရာရာမှာပျော်ပြီး လိုချင်တာတွေကိုတန်းစီပြီးတွေးပစ်ထားသည်။

ဒါပေမယ့် မောင်ဖြစ်သူက ဆော့မယ်လို့ပြောတာကြောင့်မရပ်ချင်ခဲ့တဲ့အတွေးကမ္ဘာလေးကိုရပ်ခဲ့ရသည်။

ရာရာနဲ့ဘုန်းပြည့်စုံတို့ lego အရုပ်ဆက်တိုင်းကစားကြသည်။

" ရာရာငါတို့ခရီးထွက်ကြမယ်

အဖွင့်ပိတ်ဇစ်ပါတဲ့ ပလတ်စတစ်အိတ်ကလေးထဲ အင်္ကျီလေးတွေထည့်ပြီး ကားတစ်ယောက်တစ်စီးနဲ့ ခရီးထွက်ကြသည်။

❀ɓεℓσѵε∂❀Where stories live. Discover now