1.1

436 42 0
                                    

Unicode

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

အပိုင်း ၁.၁

မသေခင် အခိုက်အတန့်လေးမှာ ကျန်းယွီတစ်ယောက် ဒီဘဝကို နောက်ကြောင်း ပြန်ကြည့်လိုက်မိသည်။ သူမဘဝမှာ ကံဆိုးမိုးမှောင်အကျဆုံးလို့ ဆိုရမယ့်အဖြစ်ဆိုးမှာ ဆင်းရဲသောမိသားစုတွင် မွေးဖွားလာသောကြောင့် မဟုတ်ခဲ့ပေ..

သူမ၏ သိမ်ငယ်တတ်မှု၊ သူရဲဘောကြောင်နိုင်မှုတို့နှင့်အတူ ဒီလိုဘဝပေးအခြေအနေ ဆိုးရွားခဲ့သောကြောင့် သူမကို သူ့အချစ်ဦးနေရာမှာ အစားထိုးရုံမျှသာ အသုံးချခဲ့သည့် သူဌေးဒုတိယမျိုးဆက် ငတိတစ်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ပေသည်။ လက်ထပ်ပြီးသည့်တိုင် သူ့လူပြန်လာသည်နှင့် သူမကို အတောမသတ်နိုင်သော အရှက်ခွဲမှုများ၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် အလကားလူပေ။

ထိုအရာသည် သူမဘဝ၏ အကြီးမားဆုံးသော ကျရှုံးခြင်းပေတည်း..

နောက်ပိုင်းတွင်တော့ အလွန်တရာ စိတ်ပျက်စရာကောင်းသောအခြေအနေများစွာဖြင့် သူမသေဆုံးခဲ့ရပေသည်။ ထိုစဉ် မျက်လုံးများကို မှိတ်နေရာမှ ဖွင့်မိလိုက်သောအခါ စိတ်ဓာတ်ကျခြင်းများနှင့်သာ ပြည့်နှက်နေသော ၁၇အရွယ်သို့ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။

ယခုလို ဘဝကိုအသစ်တစ်ဖန်ပြန်စနိုင်ခြင်းဆိုသည့် အခွင့်အရေးမှာ လူတိုင်းအတွက် မဟုတ်ခဲ့ပေ..။

ထိုအချိန်မှာပဲ ကျန်းယွီတစ်ယောက် သူမ၏တံခါးအရှေ့တွင် မတ်တပ်ရပ်လိုက်မိသည်။ သူမ၏အိမ်သည် ထုန်းကျီလို လမ်းကြားထဲတွင်ရှိသည့် ၁၉၈၀ခုနှစ်များက အိမ်ဟောင်းလေးတစ်ခုပင်..။  များမကြာမှီ ပြိုကျတော့မည့် အိမ်တစ်ခုလည်း ဖြစ်ပေသည်။

သို့သော်ငြားလည်း အိမ်စျေးမြင့်တက်သွားသောအခြေအနေနှင့် ကြုံကြိုက်ရသည့် ကံကောင်းခြင်းမျိုးကို သူမ၏အရင်ဘဝတွင် မကြုံခဲ့ရပေ။

ထိုစဉ် ဒီနေ့သည် သူမ၏အဒေါ်ဖြစ်သူမှ အတန်းပညာမပြည့်စုံသည့်အမေ့အား ယွမ်၅၀၀၀ဖြင့် အပေါင်စာချုပ်ကို လိမ်လည်လက်မှတ်ထိုးခိုင်းရန် အိမ်ရောက်လာသည့်နေ့ ဖြစ်နေခဲ့ပေသည်။

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့ (ဘာသာပြန်)Where stories live. Discover now