အခန်း (၂) ပေါကားထဲမှာ နိုးထလာခြင်း

116 15 9
                                    

UNICODE

မူးနောက်နောက် ခံစားချက်နဲ့ ချမ်းမြေ့ နိုးလာတယ်။ မျက်လုံးတောင် ကောင်းကောင်းမဖွင့်ရသေးခင်မှာဘဲ အမျိုးသမီးကြီးတစ်ယောက်ရဲ့ အသံက နားထဲကို စူးပြီး ဝင်လာတော့တယ်။

"သား ချမ်းမြေ့ သတိရလာပြီလား၊ ဖေကြီးရေ ကျွန်မသားလေး သတိရလာပြီ၊ ဒီမှာ ကြည့်ပါဦး"

အမြင်အာရုံ ကြည်လင်သွားချိန်မှာ မိန်းမဝဝကြီးတစ်ယောက်ကို အရင်ဆုံး မြင်လိုက်ရတယ်။ မိန်းမကြီးက အလှတွေ မှုန်နေအောင် ပြင်ထားပြီး ဆံထုံးကို သေသေသပ်သပ် ထုံးဖွဲ့ထားတယ်။ လည်ပင်းမှာလည်း ရွှေဆွဲကြီးကြီးနဲ့ ပြီးတော့ လက်ကိုင်အိတ်တစ်အိတ်ကိုလည်း လက်မှာချိတ်ထားလေရဲ့။

ဆေးရုံကို လူနာလာကြည့်တာနဲ့ မတူဘဲ ဘွဲ့နှင်းသဘင်ခန်းမမှာ သားသမီးဘွဲ့ယူမယ့်ပွဲကို လာတတ်တဲ့ ဒီဇိုင်းကာလာမျိုးနဲ့။

ပေါကားဆန်လိုက်တာ...

"သား... ဘယ်လိုနေသလဲ ဟင်"

အမျိုးသမီးကြီးက မေးတယ်။

"ခေါင်းထဲမှာ မူးနောက်နောက်နဲ့၊ ဟို... အန်တီက... ဘယ်သူလဲခင်ဗျ"

အမျိုးသမီးကြီးရဲ့ မျက်လုံးတွေဟာ ပြူးကျယ်ဝိုင်းစက်လာပြီး

"သား... မေမေ့ကို... မေမေ့ကို မမှတ်မိတော့ဘူးလား... သားရယ်"

ပြောရင်းနဲ့ မျက်ရည်တွေ ကျလာပြီး တစ်ဖက်ကိုလှည့်ကာ

"ဖေကြီးရေ ကြည့်ပါဦး၊ သားက... သားက... ကျွန်မကို မမှတ်မိတော့ဘူးတဲ့... ကျွန်မသားလေးကို ကြည့်ကြပါဦး... သားလေး ဘာဖြစ်သွားလဲ မသိဘူး... ကျွန်မသားလေး ဘာဖြစ်သွားပြီလဲ မသိဘူး"

အမျိုးသမီးကြီးရဲ့ အော်ငိုသံကြီးကို ကြားလိုက်ရတဲ့အခါမှ ချမ်းမြေ့ သတိကပ်သွားတယ်။ ဟုတ်သားပဲ... ဒီမိန်းမကြီး ခုနတည်းက ကျွန်မသားလေးလို့ ပြောနေခဲ့တာပဲဟာ။

ဒီအခါမှ ချမ်းမြေ့ဟာ သူ သေခဲ့ပြီး တခြားကမ္ဘာတစ်ခုကို ရောက်လာတဲ့အဖြစ်ကို သတိရလာတယ်။ ဒီအမျိုးသမီးကြီးက ဒီကမ္ဘာက သူ့ရဲ့အမေပဲလို့ သူသိလိုက်တယ်။ ချက်ချင်းပဲ သူ့အမှားကို သူပြန်ပြင်ဖို့ ကြိုးစားလိုက်တယ်။

ငါမုန်းတဲ့ကမ္ဘာWhere stories live. Discover now