LS(2)

79 8 0
                                    

တစ်ကြိမ်တစ်ခါတောင်မကတော့တဲ့ အခုလိုပြစ်ထားခြင်းတွေအပေါ်စိတ်မနာနိုင်လောက်အောင်အထိ အစ်ကို့ကိုဆွန်မင်းချစ်ပါသည်။

ဖိတ်ထားတဲ့လူကအရင်ကလိုဘဲ ရောက်လို့မလာတဲ့အတွက်ကြောင့် ဒီနှစ်မွေးနေ့ကိုလည်း
သူတစ်ယောက်တည်းဘဲ အထီးကျန်စွာဖြတ်သန်းနေရပြန်သည်။

စားပွဲပေါ်ကအစ်ကိုကိုယ်တိုင်မှာပေးထားတဲ့မွေးနေ့ကိတ်လေးကိုကြည့်ရင်း ဆွန်မင်းမျက်ရည်တစ်စက်ဟာ စီးဆင်းလို့သွားသည်။

မွေးနေ့သီချင်းကိုကိုယ်တိုင်သီဆိုလို့ မပြည့်နိုင်သေးတဲ့ဤဆန္ဒကိုသာ အရင်ကလိုဘဲဆွန်မင်းစိတ်ထဲက တိုးတိုးလေးရေရွတ်လိုက်မိသည်။

ထိုဆုတောင်းစကားလေးသည်ကား "သိပ်ချစ်ရတဲ့အစ်ကိုနဲ့အတူဘဝကိုအတူတကွဖြတ်သန်းရပါလို၏" ဆိုတဲ့ ရိုးရိုးရှင်းရှင်းဆုတောင်းလေးပင်ဖြစ်သည်။

သိပ်အများကြီးမတောင်းဆိုတတတ်တဲ့သူမို့ ဒီဆုတောင်းလေးတစ်ခုကိုတော့ ဖြည့်ဆည်းပေးပါလား ဘုရားသခင်။

သိပ်အများကြီးမတောင်းဆိုတတ်တဲ့သူပါ။ သိပ်ချစ်ရတဲ့အစ်ကို့အနားမှာရှိနေချင်ရုံလေးပါဘဲ။

မွေးနေ့ကိတ်ကိုဇွန်းနဲ့အသာခတ်ယူလို့စားလိုက်သည်။
ပါးပြင်ပေါ်ကမျက်ရည်စအချို့ကိုသုတ်ရင်း မွေးနေ့ကိတ်တွေကိုသာ အဆက်မပြတ်ထိုးသွတ်ရင်း
အထီးကျန်လာတဲ့ခံစားချက်ကို ကိုယ်တိုင်ဖုံးကွယ်လို့ထားမိသည်။

တစ်ဖက်ကမင်ဟိုမှာလည်း ဆွန်မင်းဆီလာရန်ကုမ္ပဏီကအပြန်ရေမိုးချိုးကာ အိမ်ကထွက်ရန်အပြင် မာမီနဲ့ပက်ပင်းတိုးလေသည်။

"ဒါကဘယ်လဲသား"

"ကျွန်တော့်သူငယ်ချင်းမွေးနေ့ပွဲသွားမလို့ပါ မာမီ"

"အဟက်"

နူတ်ခမ်းတစ်ချက်မဲ့ကာ လှောင်ရယ်လာတဲ့ မင်ဟိုရဲ့အမေဖြစ်သူလီမင်ယောင်း။

"ဟိုကောင်လေးဆီဘဲသွားမလို့မလား။ မင်းဘယ်အချိန်မှအဲ့ကောင်လေးကိုစွန့်လွှတ်မှာလဲမင်ဟို"

စွန့်လွှတ်ဖို့ဘဲအမြဲပြောနေကာ မင်ဟိုချစ်တဲ့လူကိုလက်ခံပေးဖို့ကျအတွေးမရှိတဲ့ သိပ်လှတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့မာမီဟာ အတ္တကြီးလွန်းပါသည်။

Love Story(2MinSung)Where stories live. Discover now