အကူစနစ်လေး- ဒါက ကျိုးကြောင်းဆီလျော်တာမို့ ငြင်းမရဘူး…

ရွှယ်လင်က သူ့ရှပ်အင်္ကျီကို ပစ်ချကာ ခရီးဆောင်လက်ဆွဲသေတ္တာကိုဖွင့်လိုက်သည်။ ရေချိုးခန်းဝတ်စုံကို ထုတ်ယူကာ ရေသွားချိုးလိုက်သည်။

အကူစနစ်လေးက သူ့နောက်ကျောကိုကြည့်ပြီး သူ့အရှင် တစ်ခုခုမှားနေသည်လား သိချင်နေသည်။

သူက အရင်ကမ္ဘာမှာကျ အဆင်ပြေနေပုံပါပဲ…

ဒါဆို ဒီကမ္ဘာပေါ်မှာကျ သူ့ရဲ့ရက်စက်တဲ့လေသံက ဘာလို့ဒီလောက်ပြင်းထန်နေရတာလဲ…

ရွှယ်လင် တရုတ်သို့ပြန်လာပြီး ဒုတိယနေ့တွင် လင်းရိက သူပြန်ရောက်နေကြောင်း သတင်းရခဲ့သည်။ သူက ပိုင်ယွဲ့နှင့် တွေ့ဆုံချင်ကြောင်းပြောလိုက်သည်။ ထို့ပြင် သူတို့ ထိုနေရာတွင်ရှိနေချိန် ထိုအသိုင်းအဝိုင်းထဲမှ တခြားသခင်လေးများနှင့် မိတ်ဆက်၍လည်းရနိုင်သည်။ အကယ်၍ သူတို့အား အနာဂတ်တွင်ထပ်မံတွေ့ရဆုံပါက  မမှတ်မိလျှင် ရှက်စရာကောင်းနေလိမ့်မည်။

ရွှယ်လင်က ထိုအချိန် သခင်ကြီးပိုင်နှင့် နေ့လည်စာအတူစားနေသည်။ သခင်ကြီးပိုင်က သင့်လျော်သည်ဟုတွေးမိကာ ရွှယ်လင်အား ထသွား၍ ရောရောနှောနှောမိတ်ဖွဲ့ရန်အကြံပေးသည်။ ရွှယ်လင်က စဉ်းစားပြီး သဘောတူလိုက်သည်။

ထိုပါတီက ဇာတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပိုင်ယွဲ့နှင့် စွန်းကျန့်အန်းတို့ ပထမဆုံးတွေ့ဆုံကြခြင်းပင်။ သူ မသွားလျှင် ထိုသူအားလှုံ့ဆော်ရန် အခွင့်အရေး ပျောက်သွားနိုင်သည်။ ထိုတွေ့ဆုံပွဲအတွင်းမှ ပိုင်ယွဲ့ သူ့အပေါ် မသိမသာ အထင်သေးခြင်းမျိုးမှာ ယခင်ဘဝက စွန်းကျန့်အန်း၏ ကံဆိုးခြင်းကို  ဖြစ်စေခဲ့သောအရာမျိုးပင်။

ရွှယ်လင်က ပိုင်ယွဲ့ မပျော်ရွှင်သော စိတ်ခံစားမှုများ ဖော်ပြခြင်းနှင့် ပတ်သက်၍ မှားသည်ဟုမထင်ခဲ့ပေ။ လူတိုင်းက သူတို့တုပထားသောသူများက သူတို့ရှေ့ပေါ်လာခဲ့ကြပြီး ထိုလူက သူတို့သူငယ်ချင်း၏ရည်းစားဖြစ်နေလျှင်ပင် မည်သူမဆို အဝေးသို့ တွန်းဖယ်ကြလိမ့်မည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now