နှစ်ထပ်တိုက်အိမ်ကလေး၏ အောက်ဘက်မီးဖို
ချောင်တွင်ချက်ပြုတ်နေသော ကောင်လေးတစ်
ယောက်...
" အစ်ကိုလေး ချက်နေတာလား...နုနုကိုတော့
မစောင့်ဘူး... "
နုသစ် ဈေးသွားပြီး ပြန်လာတော့ ချက်ပြုတ်နေ
​သော အစ်ကိုလေးကို မြင်လိုက်ရသည်မို့ပင်....
" ဆန်ပြုတ်, ပြုတ်တာပါ...မင်းမှာလည်း ကိုယ်ဝန်ကြီးနဲ့ မဟုတ်လား...အလုပ်တွေ တအားလုပ်မနေနဲ့... အလုပ်သမားရရင် မင်းမလုပ်နဲ့တော့ ကြားလား..."
" ဟုတ်...အစ်ကိုလေး "
ပြုတ်ပြီးသား ဆန်ပြုတ်ပန်းကန်ကို ယူကာ အပေါ်ထပ်တက်သွားသော အစ်ကိုလေးအား ကြည့်ရင်းမျက်ရည်များပင် ဝဲတက်လာရသည်...
အစ်ကိုလေးနှင့် မမလေးဟာ သူ့အပေါ်မှာ အရမ်း
ကောင်းလွန်းပေသည်....သူ၏ ကျေးဇူးရှင်များ၏ ကျေးဇူးကို အသေအချာဆပ်ရမည်...

အချိန်ကာလကား နှစ်လကို ကျော်လွန်သွားပြီး
မောင့်ကျောင်းတွေပင် ပြန်ဖွင့်နေလေပြီ...သွင်က
တော့ နုနုနှင့် သာ အိမ်မှာကျန်ခဲ့ရသည်...
သွင်တော့ ခုရက်ပိုင်းတွင် ဘာဖြစ်နေသည်မသိ
အစာစားချင်စိတ်များ ပျောက်ကာ ခဏခဏမူးဝေနေပေသည်...မောင့်ကိုတော့ စိုးရိမ်မည်စိုး၍ ပြောမပြဖြစ်ပေ...နုနုနှင့်အတူ ခြံထဲတွင် လမ်းဆင်းလျှောက်ရင်း ထွေရာလေးပါး ပြောနေမိသည်...
အိမ်မှာ အလုပ်သမားများ ရှိနေပြီမို့ နုနုအား အလုပ်မလုပ်ခိုင်းတော့ပေ....ဒါတောင် ကလေးမွေးပြီး လုပ်မှာပြောနေသေး၏...
မောင့်ကားဝင်လာတာမို့ ခြံစောင့်ကောင်လေးက
တံခါးပြေးဖွင့်ပေ၏... မောင်ပြန်လာတာစောလိုက်တာ...နေ့ခင်းပင် ရှိသေးတာကို...
မောင့်ကားဆီသို့ လျှောက်အသွား ခေါင်းက မိုက်ခနဲဖြစ်ကာ လဲကျသွားပေ၏...ဘေးမှ နုနု၏ခေါ်သံနှင့်မောင်ပြေးလာတာကို ဝေဝေဝါးဝါးမြင်လိုက်ရပြီးမျက်လုံးများဟာ အမှောင်ဖုံးသွားလေ၏....
သွင် ပြန်နိုးလာတော့ အိပ်ခန်းထဲသို့ပြန်ရောက်နေ
လေပြီ...
" သွင်လေး...နိုးလာပြီလား....ခေါင်းမူးနေသေးလား"
" မောင်ရယ် ဖြေးဖြေးမေးပါ... "
ပြုံးစစနှင့် ပြောလာသော သွင်လေးကြောင့် ပြုံးမိသွားကာ သွင်လေး၏ လက်ဖဝါးလေးကို ယူကာ
ဝမ်းဗိုက်နေရာသို့ ကပ်ပေးလိုက်၏...
သူ့ဗိုက်သူကိုင်ကာ မျက်လုံးဝိုင်းဝိုင်းလေးများဟာပြူးကျယ်လာပေ၏...
" သွင့်ဆီမှာ မောင့်ကလေးလေးရှိနေပြီတဲ့ "
" တကယ်လားဟင်....မောင် "
တအံ့တသြဖြစ်နေသော သွင်လေးအား ကြည့်ရင်းကြည်နူးစိတ်များတိုးပွားလာရသည်...သူတို့၏ရင်သွေးဦး ​လေးကြောင့်ပင် ....သူတို့နှစ်ဦးစလုံး၏ဘဝလေးထဲ ဝင်ရောက်လာမည့် ကလေးငယ်​လေး အကြောင်းကို တွေးရင်း အပြုံးများ ပိုမိုဝေဆာလာရသည်....အခန်းတွင်းမှ လူများကဲ့သို့ပင် အပြင်ဘက်ရှိ ကောင်မလေးမှာလည်း ဝမ်းသာပီတိဖြစ်နေရပေသည်....

Only One Limited Edition (Completed )Where stories live. Discover now