အပိုင်း - (၁၇)

Start from the beginning
                                    

" ဆ . ဆရာတော်ဘုရား "

အနားကို ကြိမ်လုံးကြီးကိုင်လို့ ရောက်လာတဲ့ ဆရာတော်ဘုရားကြောင့် ကိုဘမော်ဆီကနေ အထစ်ထစ်အငေါ့ငေါ့ အသံထွက်လာသည်။ ပစ်တိုင်းထောင်က ထိုင်နေရင်း မော့ကြည့်လိုက်တဲ့အခါ တင်းမာခက်ထန်နေတဲ့မျက်နှာနဲ့ ဆရာတော်က ပစ်တိုင်းထောင်ကို ငုံ့ကြည့်နေသည်။

" ဆရာတော်ဘုရား . ဒီကိစ္စမှာ ကိုပစ်တိုင်းထောင် မမှားဘူးဘုရား ... သန်းဇော်က ကိုပစ်တိုင်းထောင်ကို အရင်ရန်စတာ "

" ဟုတ်ပါတယ် ဘုရား . ဟုတ်ပါတယ် "

" ကဲ ... အကုန်တိတ်ကြစမ်း "

မိတုတ်က ဆရာတော်ဘုရားကို ပစ်တိုင်းထောင်မမှားကြောင်း လျှောက်တဲ့အခါ ဘေးမှာရှိတဲ့ ကောက်စိုက်သမလေးတွေကလည်း ထောက်ခံကြသည်။ ဆရာတော်ကလည်း မျက်နှာတင်းမာနေသလို ပစ်တိုင်းထောင်ကလည်း မျက်နှာ အောက်မချဘဲ အကြောကခပ်တင်းတင်း။ ဆရာတော်က ဆူညံနေတဲ့အသံတွေကြောင့် ငေါက်လိုက်ကာမှသာ အကုန်လုံးငြိမ်သွားကြတော့သည်။

" ရန်ဖြစ်တဲ့နှစ်ယောက်လုံးကို ဒကာကြီးမင်းငွေအိမ်ကို ခေါ်သွားကြချေ ... ဘမော် . ဟိုဘက်ရွာက သန်းဇော်အဖေ သူကြီးဖိုးလူကို သွားခေါ်ခဲ့ "

" တင်ပါ့ "

ကိုဘမော်က ပစ်တိုင်းထောင်ဘေးကနေထပြီး ခပ်သွက်သွက်ပြေးထွက်သွားတာမလို့ ဒင်္ဂါးက ပစ်တိုင်းထောင်အနားတိုးပြီး လက်မောင်းကိုဆုပ်ကိုင်ထားလိုက်သည်။

" တစ်ဖက်က ရန်စရင်တောင် ဘာကြောင့် ထိုးကြကြိတ်ကြတဲ့အထိ ရန်ဖြစ်ကြသလဲ ပစ်တိုင်းထောင် ... အရိုက်ခံချင်နေတာလား "

" မလုပ်ပါနဲ့ ဘုရား . မလုပ်ပါနဲ့ "

ဆရာတော်က ကြိမ်လုံးတရွယ်ရွယ်မလို့ မိကဲနဲ့မိတုတ်တို့အဖွဲ့က ပစ်တိုင်းထောင်အနားမှာ လက်တကာကာ။ ဆရာတော်ဘုရားကလည်း ကိုယ့်ရွာကလူ မမှားမှန်းသိပေမယ့် ရန်ဖြစ်တဲ့အမှုကို အပြစ်တော့ပေးရမှာမလို့ အကုန်လုံးကို သူကြီးအိမ်သွားခိုင်းလိုက်သည်။

" မပြောကြချေနဲ့တော့ ... ပစ်တိုင်းထောင်နဲ့ သန်းဇော်ကို သူကြီးအိမ်ခေါ်သွားချေ . ဟိုခွေးနှစ်ကောင်ပါခေါ်ခဲ့ "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေWhere stories live. Discover now