အပိုင်း ၁၅

Start from the beginning
                                    

'' သက်သာလား။ ခြေဖဝါးလေးတွေ နာနေလား မမ ''

နီရဲနေတဲ့ မမခြေဖဝါးလေးကို ရေနွေးစိမ်ပေးပြီး အဝတ်နဲ့ သုတ်ပေးသည်။ မမက သူ့ကိုကြည့်မနေပဲ သူမရဲ့Laptopကို ကြည့်နေသည်။ အဆင်ပြေပြီဆိုသော်လည်း မမဟာ စကားတော့မပြောသေး။ မမရဲ့ laptop ကို ကြည့်လိုက်တော့ ကလေးအသုံးအဆောင်​လေးတွေ။

'' မမ ကလေးယူကြမလားဟင် ''

ဖြတ်ခနဲ လှည့်ကြည့်လာတဲ့ မမမျက်ဝန်းထဲမှာ အံ့သြခြင်းတွေပါသည်။ မမက ကလေးချစ်သည်။ ချွန်းဒုံမိဘမဲ့ဂေဟာကို သွားတိုင်း ကလေးတွေနဲ့ ဆော့တတ်တာကို သူသိသည်။ မမဟာ သူ့စကားကို မတုံ့ပြန်ပဲ laptop ပိတ်လိုက်သည်။ ထိုင်နေရာမှထပြီး အခန်းအပြင်ဘက်ကို ထွက်သွားသည်။

နာမည်က အလက်ဇန်းဒါးဂျောင်။ ကိုရီးယားလူမျိုးဖြစ်သော်လည်း ဘရာဇီးနိုင်ငံသား ခံယူထားသူ။ ထိုပုဂ္ဂိုလ်က ဒုတိယ ရှယ်ယာအများဆုံး။

'' ငယ်သေးတာပဲ စီအီးအိုက။ ယုံကြည်လို့ ရရဲ့လား ''

'' အသက်နဲ့အလုပ်လုပ်မှာလား၊ ဦးနှောက်နဲ့ အလုပ်လုပ်မှာလား မစ္စတာဂျောင် ''

'' ယဥ်ကျေးမှု မရှိလိုက်တာ။ ငါ့ရှယ်ယာတွေ ထုတ်လိုက်ရင် ကုန်တိုက်က ဒေဝါလီခံရမယ်ထင်တယ်။ ဒါတောင် စကားပြောတာ ထောင့်မကျိုးပါလား ''

'' မစ္စတာဂျောင်ရဲ့ ရှယ်ယာပြန်ထုတ်မယ်ဆိုရင် ဆုံးရှူံးရမယ့်လူက မစ္စတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မက မစ္စတာ့နေရာမှာ နောက်ထပ်ဝှက်ဖဲတွေ မရှိဘူးလို့ ထင်နေတာတော့ မဟုတ်ဘူးမလား ''

ဂျန်းထယ်ဆန်းအမှု ပြီးဆုံးသွားတဲ့အချိန် ကိုယ့်ကိုကိုယ် ပို၍ယုံကြည်မှုရှိလာသည်။ ပြောရဲဆိုရဲလာပြီး ငါ ဒီလိုဖြေရှင်းနိုင်တယ်ဆိုတဲ့အတွေး ခေါင်းထဲဝင်လာသည်။ အလက်ဇန်းဒါးဂျောင်မကလို့ ဘာကောင်ကြီးဖြစ်ဖြစ် လီဆာ မကြောက်ဘူး။

'' အေးဆေးပေါ့ စီအီးအိုမာနိုဘန်။ ကိုယ်က ကိုရီးယားကို အပြီးပြန်လာတာမဟုတ်ဘူး။ ဒီက အလုပ်ကိစ္စတွေကို ကိုယ့်မြေးမလေးက ဦးစီးလိမ့်မယ် အဆင်ပြေလား ''

'' ဦးဆောင်စရာမလိုပါဘူး မစ္စတာဂျောင်။ ကျွန်မနောက်ကလိုက်ခဲ့ရင် ရပါပြီ ''

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now