ဘယ်နေရာ ဘယ်အခြေအနေဖြစ်ဖြစ် ချက်ချင်းပြန်လာခဲ့မယ်"

"Hyungတောင်းပန်ပါတယ်ဆော့ကီ မင်းကအကောင်းဆုံးတွေနဲ့ပဲထိုက်တန်တာပါ"

"အဟင်း Hyungအခုမပြန်ရင် ကျွန်တော်ဂျွန်ဂျောင်ကုကိုအဖိုးအာဏာသုံးပြီးဖယ်ရှားပစ်မိတော့မယ်ထင်တယ် Hyungကိုရဖို့အတွက်ပေါ့"

"မင်းမလုပ်ပါဘူး"

အညိုရောင်လေးက ကျွန်တော့်ကိုအရောင်လက်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ နေဝင်တော့မယ်အချစ်ရယ်။ နေကြာပန်းတွေလည်း ညှိုးနွမ်းကုန်ရောပေါ့။ 

ထိုအညိုရောင်လေး၏ ပါးပြင်လေးကိုထိကိုင်ချင်သည့်စိတ်အစုံကိုထိန်းချုပ်ပြီး နာနာကျင်ကျင်ပြုံးလိုက်မိတဲ့အခိုက်အတံ့။

"ကျွန်တော်မျက်လုံး1minမှိတ်ထားမယ် အကယ်၍ ကျွန်တော်မျက်လုံးပြန်ဖွင့်တဲ့အချိန်Hyungကိုမြင်နေရအုံးမယ်ဆိုရင် ကျွန်တော်hyungကိုဘယ်တော့မှလွှတ်ပေးမှာမဟုတ်တော့ဘူး စပြီးနော်.."

မျက်လုံးအစုံကိုမှိတ်ချလိုက်တဲ့အချိန်။ ထိုခြေအစုံ၏လှည့်ထွက်သွားသံကိုကျွန်တော်ကြားနေရတယ်။ မျက်ဝန်းအိမ်ကိုမှိတ်ထားသည့်တိုင်မျက်ရည်များကအစီးအတားမရှိပြိုကျလာသည်။

မှောင်ရိပ်သန်းလာသောပတ်ဝန်းကျင်နဲ့ အထီးကျန်နေတဲ့နေကြာခင်းကိုအချိန်တော်တော်ကြာတဲ့အထိအဖော်ပြုပေးမိသည်။ 

အဲဒီည။

သည်းထန်စွာငိုခဲ့တယ်။

ယောကျာ်းတန်မဲ့ သေမတတ်ငိုခဲ့တယ်။

မင်းကိုမုန်းချင်လို့ကျတဲ့မျက်ရည်တွေမဟုတ်ပါဘူးအချစ်ရာ။

မင်းချစ်အောင်မနေတတ်တဲ့ကိုယ့်ကိုယ်ကိုမုန်းလို့ကျတဲ့မျက်ရည်သာသာပါ။

"သိပ်ချစ်တယ် ကင်မ်ထယ်ယောင်း"

(ရေးပြီး ကိုယ့်ဘာသာကိုယ်အီမိုနေပြီး သူငယ်ချင်းတို့ရေ😭)




<Zawgyi>
ဘယ်လိုလူမျိုးက ကိုယ်လူသတ်ချင်တာကို ကိုယ့်အိမ်ကိုယ့်ယာကိုဖိတ်ခေါ်လို့လည်း။ 

ဂျော်နီကတကယ့်ကောင်။ 

ခေါင်းအသာရမ်းကာ ​စိတ်လေဟန်ဖြင့်ပြုံးပြီး ဂျော်နီ၏အိမ်ထဲသို့ဝင်သွားလိုက်သည်။

Loading.. [COMPLETE]Where stories live. Discover now