ဟိုဆော့ထိုအညိုရောင်ရပ်ဝန်း လက်ကောက်ဝတ်မှဆွဲကာ ရင်ခွင်ထဲထည့်ကာဖတ်ထားလိုက်သည်။
"Hyungဘာမှမပြောပါနဲ့တော့ ကျွန်တော်နားလည်ပါပြီး။ အကယ်၍လေ...
Hyungသာနည်းနည်းလေးစိတ်ပြောင်းပြီးကျွန်တော့်အပေါ်မြှူမှုန်တစ်မှုန်စာပဲ စိတ်ဝင်စားမှုရှိမယ်ဆိုရင်တောင် ကျွန်တော့်ကိုချက်ချင်းဆက်သွယ်ပေးပါ။
ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက် ကျွန်တော်hyungဆီကိုအမြန်ဆုံးပြေးလာခဲ့မယ်။
အဲ့ဒီဂျွန်ဂျောင်ကုဆိုတဲ့လူက Hyungကိုငိုအောင်လုပ်တာဖြစ်ဖြစ်၊ စိတ်ညစ်အောင်လုပ်တာဖြစ်ဖြစ်၊
အရင်တစ်ခေါက်တုန်းကလို Hyungကို ကိုယ်ထိလက်ရောက် ကျူးလွန်တာဖြစ်ဖြစ် လုပ်လာခဲ့ရင် ကျွန်တော့်ကိုချက်ချင်းခေါ်လိုက်ပါ။
ကျွန်တော့်လက်တွေကိုသွေးစွန်းခံပစ်မယ်။
ကျွန်တော်လက်လွှတ်ပေးရတာနဲ့တန်အောင်...
Hyungကပျော်ပျော်နေမယ်လို့ကတိပေးမှရမယ်"
စိုစွတ်သွားသောပုခုံးအစုံကြောင့် ထိုကလေးငိုနေမှန်းရိပ်စားမိသည်။
ပြန်ဖက်ရန်တွန့်နေသောလက်အစုံက မောင့်ကိုနည်းနည်းလေးမှတောင် သစ္စာဖောက်မခံနိုင်ဟန်ပင်။
"မငိုပါနဲ့ ကလေးရဲ့
မင်းအသက်ကငယ်သေးတယ်လေ။
ဒီလိုတွေ့ဆုံကြုံကွဲလောကကြီးမှ ကြုံရမှာအများကြီးရှိပါသေးတယ်။
Hyungကမင်းအတွက်အကောင်းဆုံးဖြစ်ချင်မှဖြစ်မှာပါ"
"ကျွန်တော်ကအကောင်းဆုံးကိုလိုချင်ခဲ့တာမဟုတ်ပါဘူး။
ကျွန်တော်က ကင်မ်ထယ်ယောင်းဆိုတဲ့အညိုရောင်ရပ်ဝန်းကိုမြတ်မြတ်နိုးနိုးနဲ့ကိုလိုချင်ခဲ့တာပါ
မနက်ဖြန် ကျွန်တော်လန်ဒန်ကိုကျောင်းသွားတက်တော့မယ် ။
ခုဏက ကျွန်တော်ပြောခဲ့သလိုပါပဲ ဘယ်လိုကိစ္စတွေပဲရှိရှိ Hyungငိုချင်လို့ ပုခုံးတစ်ဖက်ဖြစ်ဖြစ် အစားထိုးရင်ခွင်တစ်စုံ ၊ အသုံးချခံရင်ခွင်တစ်စုံကိုလိုချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်ကိုစာတစ်ကြောင်းပဲပို့လိုက်။
ESTÁS LEYENDO
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-26
Comenzar desde el principio
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)