ကိုကိုရေချိုး စားသောက်ပြီးမှ ယွန်ဂီဆီပြန်လာခဲ့ အခုကျွန်တော်စောင့်နေပေးမယ်"

ဂျီမင်မှာပေကပ်ကပ်လုပ်နေတာကြောင့် အထုပ်များအား ဂျီမင့်လက်ထဲသို့ထည့်ပေးလိုက်ကာ အတင်းရေချိုးဖို့ပြောမှ ပေကပ်ကပ်ဖြင့်အခန်းထဲမှထွက်သွားသည်။

"ယွန်ဂီရာ.. မင်းမြန်မြန်နိုးမလာရင် ငါ့အကိုတော့ရူးတော့မှာ"

.............

ထယ်ယောင်းတစ်ရေးနိုးလာတော့ ဘေးမှာဂျောင်ကုကမရှိတော့။ သို့ပေမဲ့ စာရွက်ပေါ်တွင်ရေးထားသောစာကိုမြင်တော့ အလိုလိုပြုံးမိသွားသည်။

အဲ့ဒီကောင်လေးက သူဘယ်သွားမလည်း ဘာလုပ်မလည်းဆိုတာကို တစ်ခါတည်းအသိပေးသွားတာ။

'Hyung ကျွန်တော်တို့ခဏတွေ့ရအောင်'

Noti barတွင်ပေါ်နေသော contantကိုကြည့်လိုက်တော့ ဆော့ကီလေးဟု ရေးမှတ်ထားသည့်contantတစ်ခု။

လွန်ခဲ့သောရက်ကကိစ္စအတွက်ကျေးဇူးတင်စကားလည်းပြောချင်တာကြောင့်တွေ့ဖို့ဆုံးဖြတ်လိုက်သည်။ ပထမဆုံးစတွေ့ခဲ့တဲ့နေရာ။

လေစိမ်းများတိုက်နေသော နေကြာခင်းဘေးမှာ ရပ်ထားတဲ့အဖြူရောင်ကားတစ်စီး။ ကားကိုမှီပြီးရပ်နေတဲ့ကောင်လေးတစ်ယောက်။ 

သူ့ရဲ့အဖြူရောင်ဆံပင်တွေက တလွှင့်လွှင့်ဖြင့် ဆယ်ကျော်သက်၏ ဟန်ပန် ဂုဏ်မာန်တွေနဲ့ပြည့်နေသည်။

"ဆော့ကီလေး ဟိုနေ့ကကိစ္စအတွက် ဟျောင်းမင်းကိုကျေးဇူးတင်ချင်လို့"

"သူ့ကိုအရမ်းချစ်တာပဲလား"

"ဟမ်"

ဆွေးဆွေးမြည့်မြည့်ဖြင့်ကြည့်နေသည့် ထိုသူ၏မျက်ဝန်းတစ်စုံ။တိုးရှရှအသံလေးက လေတိုးသံများရှိနေသည့်တိုင် အရှိန်အဝါတစ်ခုကိုခံစားမိသည်။

"ဆော့ကီလေး ဘာကိုပြောချင်တာလည်း"

"ဂျွန်ဂျောင်ကုဆိုတဲ့ အဲ့ဒီလူကိုလေ ... Hyungအရမ်းချစ်တာပဲလား"

လေတိုးသံသဲ့သဲ့လေးမှလွှဲ ပတ်ဝန်းကျင်မှတိတ်ဆိတ်ငြိမ်သက်လျှက်။ အညိုရောင်မျက်ဝန်းအစုံကလည်းတောက်ပလျှက်။

Loading.. [COMPLETE]Where stories live. Discover now