"မငိုပါနဲ့တော့ဟန်နီရာ.. အဲ့ကောင်ကအရမ်းအသက်ပြင်းတာ သူ့ရည်းစားကဆရာဝန်။

သူ့ရည်းစားနဲ့လက်မထပ်ရသေးပဲ အဲ့ကောင်ကသေမယ်လို့ထင်လား မဖြစ်နိုင်တာ"

ဟန်နီစိတ်အေးအောင်နှစ်သိမ့်ပေးပေမဲ့ သူယွန်ဂီကိုဘယ်လောက်ထိစိတ်ပူနေလည်းဆိုတာ သူကိုယ်တိုင်သာသိလိမ့်မည်။

ဂျီမင်ဆေးရုံအနောက်ဘက်လူရှင်းသည့်နေရာတွင်စိတ်ထဲပေါ့သွားအောင် ထိုင်ငိုပစ်လိုက်သည်။

 ခါတိုင်းဆိုရင် ခွဲစိတ်မှုကိုယုံကြည်ချက်အပြည့်ရှိပေမဲ့ ဒီတစ်ခါတော့ သူတွန့်ဆုတ်နေသည်။

နှစ်ဆယ့်လေးနာရီပြည့်လို့မှနိုးမလာရင် ယွန်ဂီသေသွားနိုင်တာကြောင့်ပင်။ 

"ငါ့ကိုဂရုတစိုက်နေဖို့ပြောပြီး မင်းကျတော့ကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူး ကလေးစုတ်!

ငါမင်းကိုခဏခဏတစ်ယောက်ထဲချန်ထားခဲ့လို့စိတ်ဆိုးတာလား။

ငါမထားသွားတော့ပါဘူး ကတိပေးပါတယ်.."

သွေးရူးသွေးတန်းစကားများက အကြင်သူကြားနိုင်မည်လား။ ဂုဏ်သိက္ခါကြီးမားလှတဲ့ပါမောက္ခတစ်ယောက်က ဒီလိုပြိုလဲဖို့သင့်တော်ပါ့မလား သူမတွေးမိတော့ပါ။ အချစ်ကလူကိုစောက်ရူးဆန်စေသည်။

"ကိုကို"

ဂျောင်ကုအသံကြားတော့မှ ဂျီမင်ကုန်းရုန်းထပြီး မျက်ရည်များအား လက်ခုံဖြင့် ဖိသုတ်လိုက်သည်။

"ကုကီ အဆင်ပြေရဲ့လား ကင်မ်ထယ်ယောင်းရော"

"ဟန်နီကအားနည်းနေလို့ ကျွန်တော်အိမ်ပြန်ပို့ပြီး ပေးအိပ်လိုက်တာ "

"အာ..."

နှစ်ယောက်သားငြိမ်သွားပြီး အခန်းတစ်ခုလုံးမှာတိတ်ဆိတ်နေသည်။ ကုတင်ပေါ်တွင်လှဲနေသော ယွန်ဂီမှာ ငြိမ်သက်လျှက်။

"ယွန်ဂီကနိုးလာမှာပါ ကျွန်တော့်ကိုယုံလိုက်ကိုကို

အဲ့ဒီကောင်နိုးလာတဲ့အခါကျရင် ကိုကိုဒီလိုပြိုလဲနေတာကိုမြင်ရင်သူပျော်ပါ့မလား

ကျွန်တော်အိမ်ကနေ ကိုကို့အတွက် စားကောင်းတာတွေယူလာပေးတယ် ။ အဝတ်အစားတစ်ချို့ရော

Loading.. [COMPLETE]Donde viven las historias. Descúbrelo ahora