ခွဲစိတ်ဝတ်စုံအားဝတ်ဆင်ကာခွဲစိတ်ခန်းထဲဝင်သွားတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် ခြေအစုံမှာရပ်တန့်သွားသည်။

"မင်...မင်ယွန်ဂီ..."

ပါးပေါ်ကိုလှိမ့်ဆင်းလာသောမျက်ရည်များက ထိန်းမနိုင်သိမ်းမရ။ 

သူဒီခွဲစိတ်မှုကိုဘယ်လိုစိတ်နဲ့များဆက်လုပ်ရမည်နည်း။ 

"ပါမောက္ခမင် ကျွန်တော်တို့အခုစမှဖြစ်မယ်"

ဂျီမင်မျက်ရည်များအား အမြန်သုတ်လိုက်ကာ ခွဲစိတ်ဓားအားကိုင်လိုက်ကာ ဗိုက်ဒဏ်ရာအားခွဲချလိုက်သည်။ 

သွေးမျှင်ကြောများကပါပြတ်တောက်နေတာကြောင့် သွေးထွက်လွန်နေသည်။

တီ....တီ......တီ.....

"သွေးဖိအားထိုးကျနေပါပြီး"

ဂျီမင်ချွေးများပြန်လာသည်။ အယောင်ယောင်အမှားမှားမဖြစ်အောင်မနည်းထိန်းနေရသည်။

ခွဲစိပ်မှုကသုံးနာရီခန့်ကြာသွားသည်။ အပြင်မှာလည်း ထယ်ယောင်းကငူငူငိုင်ငိုင်ကြီးထိုင်စောင့်နေခဲ့သည်။

ဟန်မြစ်ကမ်းနံဘေးမှအပြန် လူတစ်အုပ်ဝိုင်းတာကိုခံလိုက်ရသည်။

မင်ယွန်ဂီက သူ့ကိုတစ်ဖက်လူတွေက လက်ဖျားနဲ့ထိလို့မရအောင်ကိုကာကွယ်ထားခဲ့တာ။ 

သူငယ်ချင်းအပေါ်အဲ့လောက်ထိသစ္စာရှိဖို့လိုအပ်နေလို့လား။ ကိုယ်လွတ်ရုန်းပြေးလို့ရရဲ့သားနဲ့ ဘယ်လိုအရူးပါလိမ့်။

ဂျောင်ကုကိုအထင်မလွဲဖို့အရေး ယွန်ဂီက သူ့အားဂရုတစိုက်အစကနေအဆုံးရှင်းပြပေးခဲ့သည်။ 

"ဟန်နီ!"

သူ့ကိုတွေ့တော့ ငိုချလိုက်သောကောင်လေးအား ဂျောင်ကုဖက်ကာရင်ခွင်ထဲထည့်လိုက်သည်။

"မောင်..."

"မောင်ရှိတယ်နော် မကြောက်နဲ့တော့ဟန်နီ ယွန်ဂီအတွက်စိတ်ပူနေမှန်းသိပေမဲ့ သူအဆင်ပြေမှာပါ"

အငိုသန်လေး၏ ကျောအားပွတ်ပေးကာ အငိုတိတ်အောင်ချော့နေမိသည်။ 

သို့ပေမဲ့ချော့လေပိုငိုလေဖြစ်လာတာကြောင့် အကြပ်ရိုက်ကုန်သည်။

Loading.. [COMPLETE]Where stories live. Discover now