~~~~~~~~~

"မင်း ဒီရက်ပိုင်း ထမင်းမစားဘူးဆို "

တိတ်ဆိတ်နေတဲ့ မနက်စာ စားပွဲ ကို ဂျွန်ရဲ့ အသံက ဖြိုခွင်းလိုက်သည်။

" ဘယ်သူပြောလဲ"

"  မေးခွန်း ပြန်မမေးနဲ့ ငါမေးတာဖြေ ဘာလို့မစားတာလဲ "

"စာတအားများတာ နဲ့ စိတ်ရှုပ်ပြီး မစားဖြစ်တာ "

" ဘာစားချင်လည်း"

"ရပါတယ်.... ဒါနဲ့  Driver ဦးလေးကြီးရော"

"နေမကောင်းလို့ ခွင့်ယူထားတယ်"

" ကျောင်းက ဘယ်သူလိုက်ပို့မှာလဲ"

"ကိုကို လိုက်ပို့မယ်လေ"

"ဟုတ်"

ကားပြတင်းပေါက်ကိုငေးနေတဲ့ကလေးက ဘာစိတ်ညစ်စရာများရှိနေတာလဲ

" စာလိုက်နိုင်ရဲ့လား"

" လိုက်နိုင်ပါတယ်"

" အထက်တန်းပြီးရင် နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်လား "

" မသွားဘူး ကိုကို ကျွန်တော် ဒီမှာဘဲ နေမှာ"

" မင်း သဘောလေ "

" ညနေ ကိုကို လာကြို ဦးမှာလား"

"မပြောတတ်ဘူးဘဲ"

" ဟုတ် "

မြောင်ဟို ကားပေါ်က ဆင်းဆင်းချင်း နှုတ်ဆက်ခြင်း အလျင်းမရှိတဲ့ ထွက်သွားတဲ့ ကိုကို က  ဘာလို့ သူ့ကို အဝေးပို့ချင်နေရတာ လဲ

~~~~~~~~

" ဒီနေ့ရော လိုက်မယ်မလား မြောင်ဟို"

"  မရဘူးမင်ဂယူ   ကိုကိုလာကြိုမလားမသိဘူး"

"မင်း ကလည်း ဒါကြီး ဘဲ "

" မနေ့တုန်းက ငါတို့အပြင်သွားတာ ကိုကို သိသွားတယ်"

" မင်း အဲ့လူရဲ့အရိပ်အောက်က ရုန်းမထွက်တော့ဘူးလား"

" ဘယ်ထွက်လို့မရလဲကွာ ကိုကို က ငါရုန်းမထွက်နိုင်တဲ့ နွံအိုင်လေး"

"တော်လိုက် မင်းရဲ့ အချစ်အကြောင်းတွေ နားမထောင်ချင်ဘူး မင်းမလိုက်လည်း ငါသွားမယ် "

"အေး မင်းအဲ့လို ကျောင်း ပြေးနေတာ ရှေ့နေ အစ်ကိုကြီး ဝန်းနူ နဲ့တိုင်မှာ "

လောင်းရိပ်မိသောအချစ်Where stories live. Discover now