"မင်း ရေချိုးဦးမှာလား"

"ဟုတ်ကဲ့...ချိုးမှာ"

"ဒီမှာပဲ ဝင်ချိုးလိုက်တော့....."

"အင်....။

ဘာအင်တာလဲ သွား‌ချိုးတော့လေ"

"ဟုတ်ကဲ့ "

Win side.....
Shaiii....နာလိုက်တာ...

မျက်နှာကရှုံ့မဲ့သွားတာကြောင့် Bright သတိထားမိပေမယ့်....Winကတော့ သူ့ကိုသတိမပြုမိသည့်အလား ခါးကို လက်ကလေးနဲ့ ထိန်းကာ ကုတင်ပေါ်က အားပြုဆင်းခဲ့ လိုက်တယ် ပြီးတာနဲ့ နံရံကို မှီကာ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တယ် ။

"အင်း....ချစ်ဖို့တော့ ကောင်းသားပဲ"

................................................

အခုဆို Win Mae ကသတိရနေပါပြီ ဒါပေမယ့်ဆေးရုံမှာတော့ နေပေးရဦးမယ်တဲ့ Bright ကcompany မှ နောက်ကျမှပြန်ပြန်လာတာကြောင့် Win နဲ့ လဲ သိပ်စကားမပြောဖြစ်ခဲ့ ။

သူ့ပထွေးဆိုတဲ့ ဟိုလူကြီးလဲ သေပြီလား ဘာလားပင် မသိရ.... အင်းတစ်နေ့တော့ သွားရဦးမယ်......။

အရင်လို စကားပြောဖော်ရှာစရာတော့ မလိုတော့ဘူး ဘာလို့လဲဆိုတော့ Darken ဆိုတဲ့ တစ်ယောက်က စကားတွေ လာလာပြောနေတာကြောင့်ပင်...။

"Win...ဘာတွေ စဉ်းစားနေတာလဲ "
"အော်.... Darken ဘာမှမဟုတ်ပါဘူး"

သူ Darken ကို စကားပြောရင် ရင်းရင်းနှီးနှီး ပြောရန် အတွတ် မှာထားခြင‌်းကြောင့် သူ့ကို ဒီလိုခေါ်ခြင်းသာ.....။

"ဘာလဲ.... သခင်လေးအကြောင်းလား တွေးနေတာလား"

"မဟုတ်ပါဘူး... အလုပ်ပြီးသွားပြီလား Darken"

Darken က စနောက်ဟန်မေးလာခြင်းကြောင့် သူအရှက်ပိုကာ ငြင်းမိတယ်။

"အလုပ်က ဘာမှ လုပ်စရာမှ မရှိတာ Win တစ်ယောက်ထဲ ပျင်းနေမှာသိလို့"

Darken က စကားပြောတော့ နည်းနည်းရဲတင်းလွန်းတယ် ။

"ခြံထဲမှာ ထိုင်နေတော့ ပျင်းတယ်လို့လဲ မခံစားရပါဘူး"

"သိချင်တာ တစ်ခုတော့ရှိတယ် ဟိုလေ... Winနဲ့ သခင်လေး က လက်ထပ်ထားတာလား"

အဲ့မေးခွန်း...သူဘယ်လိုဖြေရမှာလဲ... မဟုတ်ဘူးဆိုရင်ကော...။

"မင်းနဲ့ ဘာဆိုင်လို့လဲ"

Sex or Money Место, где живут истории. Откройте их для себя