" အာ..ဆောရီးပါအမေ။ကူးအခုပဲအဝတ်သွားပြန်
လဲလိုက်မယ်နော်။ "

" အယ်...လဲမနေပါနဲ့တော့ကွယ်။မေမေတို့နဲ့က
အရင်ကလည်း အဟမ်းတွေ့ဖူးတာပဲကို။ "

ကူးရှက်သွားတာမို့ ပြန်သွားလဲဖို့လုပ်တော့
အမေကကူးကိုတားလာသည်။ကူးကလည်း
အမေ့စကားကြောင့် ပိုရှက်သွားသည်လေ။
အရင်ကဆိုလည်း ကူးတို့ကဖြစ်ပြီးကြတိုင်းလည်း
ကူးမေ့ပြီး အဝတ်ထူထူမဝတ်မိရင်တွေ့ရရောပဲ။

" ဒါဆိုလည်း ကူးမနက်စာပြင်တော့မယ်။မနေ့က
အမေ့မြေးတအားစိတ်ဆိုးနေတာမို့ သူကြိုက်တဲ့
မနက်စာပြင်ပေးမလို့လေ။ "

ကူးလေးက ညကမချော့လိုက်ရဘဲမောင်နဲ့အတူတူ
အိပ်လိုက်ရတာကြောင့် မနက်ပိုင်းသူ့သားကိုချော့
သည့်အနေဖြင့် မျိုးစေ့လေးကြိုက်သည့်အစားစာ၊
Half fried eggနဲ့အတူBaecon အများကြီးထည့်
ပေးဖို့ရယ်အတွက် စောစောလေးလုပ်ပေးမည်။

" ဟုတ်ပြီရှင်။အမေလည်း လာကူညီပေးမယ်။ "

ကူးဘေးနားအမေပါလာတာမို့ အမေကကူညီမယ်
ဆိုရင်း ဆလပ်ရွက်ကိုအရင်ရေဆေးပေးသည်။
ကူးကတော့ Baeconနဲ့ကြက်ဥHalf friedကျော်ဖို့ပြင်နေသည်။

Baeconကိုအမြန်ကြော်ဖို့အတွက် ဒယ်အိုးပြားထဲ
ဆီသုတ်တံဖြင့်သုတ်လိုက်ရင်း ဆီပူအောင်ထားလို့
Baeconအရသာရှိစေရန်အတွက်ဆားအနည်းငယ်ဖြင့်နယ်ရင်း ဆီပူလာတော့ထည့်ကြော်လိုက်၏။

" သခင်လေးကူး ဒေါ်ကြီးဆက်ကြည့်ထားမယ်။
ကြက်ဥHalf friedကြော်နှင့်လိုက်နော်။ "

ကူးလေးမနက်စာမှီဖို့Baeconကြော်ရင်း အိမ်တွင်
ဟင်းချက်တာဝန်ယူရသည့် အဒေါ်ကြီးကကူးအား
ကူညီရန်ပြောလာသည်။ကူးကတော့အားနာတာမို့
ငြင်းသာငြင်းလိုက်ရသည်။

အတန်ကြာတော့ ကြော်ထားတာတွေလည်းပြီးပြီ။
ကျန်သေးတာက မောင်ရယ်၊သားရယ်နဲ့အတူတူပြင်သစ်သားလေးရယ်ပါနှိုးဖို့ဖြစ်၏။

" မောင့်အသက်...မောင့်ကိုထားပြီးဘာလို့အစော
ကြီးထသွားတာလဲကွာ။ဝှါး...မောင့်အသက်လေး
မနက်စာတွေသေချာလုပ်နေတာပဲ။ "

ကူးလေးက မနက်စာစားဖို့အတွက်လူကြီးတွေ
အတွက်ရော သူ့ကလေးလေးနှစ်ယောက်အတွက်
ချက်ပြီးလို့ စားပွဲပေါ်မှာပန်ကန်ပြားတွေလိုက်
ချနေတုန်းမောင်က ခါးကနေသိုင်းဖက်လာတာမို့
ကူးတောင်လန့်သွားသည်။

Between The Hate [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin