:::::::::::::::::::::::::::

တီ! တီ! တီ!
ကားဟွန်းတီးသံ ကျယ်လောက်စွာ ထွက်ပေါ်လာ
ခြင်းဖြစ်ပြီး ဂိုဏ်း၏ အစ်ကိုလေးပြန်ရောက်
သည့်အမှတ်သင်္ကေတပင်..ခြံတံခါးအား အလျှင်အမြန်သွားဖွင့်လိုက်ရသည်....အစ်ကိုလေးဟာ သူ့ညီမကလွဲ၍ မည်သူမျှ စိတ်မရှည်သူ ပင်...
မျက်မှောင်ကျုံ့ကာ ကားပေါ်မှ ဆင်းလာသော
အစ်ကို ဖြစ်သူကြောင့် အသက်သွင် အနည်းငယ်
ပင်ပြုံးမိသွားရသည်...
" ကိုကြီး ကျောင်းပိတ်တာ ကြာပြီကို ပြန်တာ
နောက်ကျတယ်နော် "
ခမ်းစိုင်းဟန် တစ်ယောက် လက်မောင်းကို ချိတ်ဆွဲကာ လာချွဲနေသော ညီမငယ်ကြောင့် စိတ်တိုတာတောင် မေ့ပျောက်သွားရသည်...အချွဲတုံးလေး...
" သွင် အတွက် ဘာပါလဲ "
" ကိုကြီး ရဲ့ သွင်လေးအကြိုက်တွေချည်း ဝယ်
လာတယ်...ဟုတ်ပြီလား "
" ဟုတ်.."
" ကားနောက်ခန်းထဲကဟာတွေ အကုန် သွင်လေး
အခန်းထဲပို့လိုက်! "
သွင် နောက်မှာ ရပ်နေသော အလုပ်သမား
ကောင်မလေးအား ပြောလိုက်ခြင်းဖြစ်သည်...
" သွင်လေး ကူသယ်ပေးလိုက်အုံးမယ် "
အနားမှ လှစ်ခနဲနေအောင် ပျောက်သွားသော
ညီမငယ်ကြောင့် ခမ်းစိုင်းဟန် ခေါင်းသာ ခါမိသည်...
သွင်လေး အိမ်ထဲဝင်သွားသည်နှင့် ခမ်းစိုင်းဟန်
မျက်နှာအမူအရာဟာ အေးစက်သွားလေသည်...
မြေအောက်လောကမှာ တစ်ချက်မှားသည်နှင့်
ဒုက္ခရောက်မည်ပင်... ဂိတ်စောင့်တွေ ဟာ ယခု
လိုအမြဲ တာဝန်ပေါ့လျော့နေရင် သူတို့ဂိုဏ်းဟာ
သိပ်မကြာခင် သူများအောက်ရောက်မှာ ကျိန်း
သေ...တာဝန်ပေါ့ရော့နေသူ အားလုံးကို အလုပ်
ထုတ်ပစ်လိုက်သည်...
ခမ်းစိုင်းဟန် ဘေးမှ သူငယ်ချင်း ဖြစ်သူကို
ကြည့်မိတော့ အိမ်အတွင်းဘက်ကို ငေးကာ ဝိညာဉ်လွင့်နေဟန်....playboyကြီးက စိတ်လွတ်တဲ့ အချိန် ရှိသေးပါလား...
" မင်းအာဏာ ဘာဖြစ်နေတာလဲ "
" အဲဒါ မင်းညီမလား "
" ဟုတ်တယ် "
" ငါ သူ့ကို လက်ထပ်ချင်တယ် "
" ​ဟေ့ကောင် နောက်မနေနဲ့ သွင်လေး ကို ငါဘယ်
သူ့မှ မပေးနိုင်ဘူး ...ငါ့လက်သီးက လူမရွေး
ဘူးနော်... "
တကယ်လည်း ခမ်းစိုင်းဟန် ဟာ ညီမလား ညီလားမပြောတတ်သည့် ကလေးငယ်အား မည်သူမှ မပေးနိုင်ပေ...ထိုကလေးငယ်လေး နာကျင်အောင်လုပ်မည့်သူများကို ယုံကြည်စွာ မပေးနိုင်ပေ...
မင်းအာဏာ တကယ့်ကို ထိုကောင်မလေးအား
စွဲလမ်းသွားရလေပြီ.... မရ,ရအောင်ကို သိမ်း
ပိုက်နိုင်အောင် ကြိုးစားရပေမည်...သူ့လိုလူတောင်တစ်ခါမြင်ရုံနှင့် စွဲလမ်းစေနိုင်သော ကောင်မလေး...
" လာ... အိမ်ထဲဝင်တော့... ပေါက်ကရတွေ မစနဲ
တော့ "
" ​အေးပါကွာ ...ခမ်းစိုင်းရာ "

Only One Limited Edition (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ