01(Intro)

1K 50 33
                                    

ကိုယ့်ပေါင်ပေါ်ကျလာတဲ့မျက်ရည်တွေကိုကိုယ်ခံစားနေမိတာကြောင့်ကိုယ့်ကိုမညာပါနဲ့အိခုရား...။။

။။။

မနက်ခင်းလေးတစ်ခုမှာအိမ်ထောင်ဦးစီးတို့သူငယ်ချင်းနှစ်ယောက်အတူတူခုံတစ်ခုမှာထိုင်နေကြရင်းသက်ပြင်းချသံအကြီးကြီးကြောင့်

"ဘာဖြစ်လို့လဲသားကြီး?"

"ပြောမနေပါနဲ့ကွာ ငါ့သားကအရမ်းဆိုးနေလို့"

"ဂျယ်ယွန်းကလား?"

"ဟုတ်ပါ့ မင်းသားလေးလိုစီးပွားရေးကိုဦးဆောင်ချင်စိတ်မရှိဘူးဖြစ်နေတယ်ငါသေရင်ဘယ်သူ့ကိုအမွေပေးခဲ့ရမလဲတောင်မသိတော့" ဆိုပြီးပါးစပ်ကြီးဆူပြီးပြောနေတော့ ဆောင်းဟွန်းရဲ့အဖေလည်းရယ်လိုက်ကာ

"မရယ်ပါနဲ့ကွာ နောက်စရာတစ်ခုမှမပါနေပါဘူး"

"မင်းကအဲ့လိုပြောနေတော့ရယ်ချင်သွားလို့ မရီးကကော?"

"ပြောမနေနဲ့သူ့ကိုတော့ သူအရမ်းအလိုလိုက်ထားတော့ဂျယ်ယွန်းကလုပ်ချင်တိုင်းလုပ်နေတာ ငါ့မှာသားမနိုင်လို့မိန်းမများနိုင်မလားလို့ပိုဆိုးသေး"

"ဒီလိုလုပ်မလား?မင်းအဆင်ပြေတယ်ဆိုမှပါ ငါ့သားကုမ္ပဏီမှာအတွင်းရေးမှူးတစ်ယောက်လိုနေလို့ဟိုတစ်‌ခါကငါ့သားကုမ္ပဏီရဲ့ဒေတာအချက်အလက်တွေခိုးလို့လေအလုပ်ဖြုတ်လိုက်တာ"

"ဪ...ဟိုတစ်ခါကပြောတဲ့ကိစ္စလား?"

"ဪရန်သူတွေများတော့လေ မင်းသားကိုဆိုငါစိတ်ချရတယ်ဒါပေမဲ့အဆင်ပြေမှပါ"

"ငါအဲ့လိုတွေမတွေးပါဘူး တကယ်ဆိုအဲ့ကောင်လေးကိုအလုပ်လုပ်စေချင်ပြီ ရတယ်ဆိုရင်တော့ကောင်းတာပေါ့ကွာ"

"ရတာပေါ့မေးစရာတောင်မလိုဘူး ငါကမင်းအဆင်မပြေမှာပဲဆိုးနေတာ"

"ဒါပေမဲ့ငါ့သားကငြင်းမှာ"

"ငါ့သားကစည်းရုံးရေးကောင်းတယ်မင်းတစ်ခုပဲကူညီပေး" ဆိုပြီးအနားကိုတိုးတိုးလေးကပ်ပြောလိုက်တာပေါ့...။

Replay ✓ || Sungjake🐧🐶Where stories live. Discover now