အပိုင်း (၅) - ဒွိလိင် တောင်နတ်ဘုရား၏ ကောင်းချီး (1)

Start from the beginning
                                    

သို့သော်လည်း အသက် ၁၀နှစ်အရွယ်တွင် ရန်သူများ လက်ထဲ မိဘများ သတ်ဖြတ်ခံရပြီးနောက် ရန်သူများကို ယိချင်းက ပြာချ ပြစ်ခဲ့သည့် အပြင် တောင်ကိုပါ ဝင်္ကပါနှင့် ချိတ်ပိတ်ကာ ကာကွယ်ပြီး တစ်ဦးတည်းသာ နေထိုင်ခဲ့သည်။

ယိချင်း ၁၇နှစ် အရွယ်တွင် မင်တိုင်းပြည်နှင့် အန်းတိုင်းပြည် စစ်မက်ဖြစ်ပွားပြီး အန်းကို မင်မှ သိမ်းလိုက်ကာ တော်ဝင်မျိုးနွယ်များအားကို မျိုးသုန်းသည် အထိ ကျုပင်ခုတ် ကျုငုတ်မချန် ရှင်းလင်းခဲ့လေသည်။ အန်းတိုင်းပြည်မှ အိမ်ရှေ့စံ ထန်ဟွမ်း မင်းသားက မေတ္တာလျှိုမြောင်ထဲသို့ ဒဏ်ရာ အပြည့်နှင့် ပြုတ်ကျ လာသည်ကို ယိချင်း ကယ်တင်ပြီးနောက်တွင် သန်းခေါင်ယံ နန်းဆောင် ဖြစ်ပေါ်လာရန် သမိုင်းက အစပျိုးလေသည်။
______

နေသာသော နေ့တနေ့တွင် ရေတံခွန်ဘေး ယိချင်း တမှေးအိပ်ရန် ပြင်နေစဥ် အချိန်၌ ဝုန်း ဟူသော အသံနှင့် အတူ သွေးအလိမ်းလိမ်းနှင့် အမျိုးသား တစ်ဦး ပြုတ်ကျ လာခဲ့သည်။

ထိုသူ သေ မသေ စစ်ဆေး ပြီးနောက် အသက်ရှိသေးကြောင်း သေချာမှ  နေထိုင်ရာ နေရာသို့ ခေါ်လာကာ ဆေးကု ပေးရပြန်သည်။ စုတ်ပြတ် နံစော်နေသော အဝတ်အစားများကိုလဲ လဲလှယ်ပေးခဲ့သော်ငြား တဖက်လူ နိုးနိုးချင်း ပြောလာသော စကားက ဖြတ်ရိုက်ချင်စရာ။

"ငါ့ကို သတ်ပေးပါ။" တဲ့။

မကြားဟန်ဆောင်ကာ ပြန်မဖြေဘဲ ဆန်ပြုတ်နှင့် ဆေးများကို ပါးစပ်ထဲ အတင်း ထိုးထည့်ပေးပြီး လုပ်စရာရှိသော ကိစ္စများကိုသာ ယိချင်း ဆက်လုပ်နေခဲ့သည်။

ထိုသူအား ၁ရက် ၂ခါ ရေပတ်တိုက်ပေး ဆေးထည့်ပေး အစာ အတင်းစားခိုင်း အိမ်သာ ထမ်းပို့ပြီး ၅ရက်ခန့် အကြာတွင် ထိုသူ၏ ပြောစကားမှာပြောင်းလဲသွားတော့သည်။

"အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းကငါ့ရဲ့အသက်သခင် ကျေးဇူးရှင်ပါပဲ။ ငါက အန်းနိုင်ငံကလူ အခု မင်နိုင်ငံက လိုက်သတ်တာကို ခံနေရတာမလို့ ကျေးဇူးရှင်ကို ဒုက္ခရောက်မှာ စိုးရိမ်မိပါတယ်။ ခန္ဒာကိုယ်သက်သာတာနဲ့ ထွက်သွားပါမယ်။ အခွင့်သာတဲ့တနေ့မှာ သေချာပေါက် ကျေးဇူးကြွေး ပြန်ဆပ်မှာမလို့ နာမည်လေး သိပါရစေ။"

သန်းခေါင်ယံ နန်းဆောင် (21+) Where stories live. Discover now