ချည် Ep.1

18 0 0
                                    

Zawgyi

"တိမ်ယံမင်းလွင်!! မင်းကိုကို့ ကိုစတာများပြီ"

တိမ်လွှာစိတ်ပေါက်ပေါက်နဲ့ အော်လိုက်လေသည်
ဒီကောင်ဒါလည်းအချိုးမပြေ အရယ်မပြတ်ပေ

"ကိုကိုရာ ငါကအငယ်ပဲ ငါ့ကိုအလျှော့ပေးသင့်တယ်မလား"

တိမ်ယံခပ်စစ စကားဆိုလိုက်သည်

"မင်းနဲ့ငါက2မိနစ်ပဲခြားမွေးတာနော် တိမ်ယံ
2မိနစ်လေးကြီးတာနဲ့ပဲ ငါကအကုန်အလျှော့ပေးရမလား"

"အေးပေါ့ ကိုကိုရ ပေးသင့်ပေးရမှာပဲ
ငါကအငယ်မို့လို့လေ မင်းအလျှော့ပေးတာလိုချင်ရင်
မွေးတုန်းကငါ့ကိုဘာလို့အရင်ပေးမထွက်လည်း"

"ချီးး မေမေကငါ့ကိုအရင်ထုတ်လို့ပေါ့
ငါကမင်းကိုအရင်တောင်ပေးထွက်ချင်တာ ခုပြန်ဝင်ပြီးပြန်ထွက်မလားပြော"

တိမ်ယံရယ်မိလိုက်သည် ကိုကိုကအ့လိုလည်းပြောတတ်တာပဲလား
တိမ်လွှာတေးသွင်ဆိုသည်မှာ အနေအေးအေး စကားတည်တည်နှင့်ပင်
ခုလိုကလေးကုလားလည်းပြောတတ်သည်တဲ့

"သားကြီးရယ် ညီလေးကချစ်လို့စတာပါ သွားသွားရေချိုးတော့
လိမ်မာတယ် "

အမွှာနှစ်ကောင်စကားဝိုင်းထဲ ဒေါ်ခင်ထားထက် တယောက်ဝင်ပါရချေပြီ

"မေမေရာ မေမေမသိပါဘူး မေမေ့သားငယ်က တိမ်လွှာ့ကိုစတာများနေပြီ
ခုလည်းသားထိုင်ပြီးစာဖတ်နေတာကို ရေပိုက်ဆွဲပြီး ရေနဲ့လာပက်နေတာ
သားစာအုပ်တွေရောအင်္ကျီတွေရောအကုန်စိုကုန်ပြီ မေမေရ"

"သားငယ် ကိုကို့ကိုအ့လိုမစရဘူးလေ
ကိုကိုစိတ်ဆိုးသွားရင် သားငယ်ပဲချော့ရတာမလား"

"ဟာဗျာ မေမေကလည်း သားက ကိုကို့ကိုချစ်လို့စတာကို"

"အောင်မယ် တိမ်ယံမင်းလွင်က ချစ်လို့စတာတဲ့ ရယ်လိုက်ချင်သေး"

တိမ်ယံမင်းလွင်စကားအဆုံး၌ တိမ်လွှာတေးသွင်ပြောလိုက်သည်

"ကိုကိုကလည်း အတည်လို့"

"တော်ပါ မင်းစကားမယုံပါဘူး"

"ကဲနှစ်ယောက်လုံးတော်တော့ သားကြီးကရေသွားချိုး
ရေတွေစိုနေတာဖျားမယ် သားငယ်လည်းလုပ်စရာရှိတာလုပ်တော့"

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

ချည်Where stories live. Discover now