အပိုင်း (၂၉)

Start from the beginning
                                    

"မဟုတ်..မဟုတ်ဘူး... ဒေါက်တာ မလုပ်ပါနဲ့...။ အစ်ကို အဲ့လိုလုပ်ခိုင်းလို့ မရဘူးလေ...။ "

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို အကြည့်စူးစူးဖြင့်ပင် စိုက်ကြည့်လာသည်...။


"သူက မင်းကို ထိတာနော် ပျိုးငယ်...။ မင်းက ငါကိုယ်တိုင် မလုပ်နဲ့ဆိုလို့ အခု မလုပ်ဘူးလေ...။ ဒါပေမယ့် သူကိုယ်တိုင်တော့ သုတ်သင်လို့ ရတယ်မလား?"

"အစ်ကို... ပျိုးငယ်ပြောတာ နားထောင်ပါ..။ ပျိုးငယ် သူ့ကို ခွင့်မလွှတ်ဘူး... ဒါပေမယ့် ဒီလိုကျတော့လည်း အဆင်မပြေဘူးလေ...။"


"ကလေးလေး... မင်း သူ့ဘက်က ကာကွယ်နေတာလား? သူက မင်းကို အသေပါသတ်ဖို့ လုပ်တာနော်...။"


"ဒါပေမယ့်... အစ်ကို... ပျိုးငယ်က အဲ့လိုမျိုးတော့ သဘောမကျဘူး...။ သူ့ကို ဒီ့ထက်ဆိုးတဲ့ အပြစ်ပေးသင့်တယ်လေ... သေသွားရင် ဒီဝေဒနါတွေက ခံရတော့မှာ မဟုတ်ဘူး...။ သူ့ဘဝတစ်လျှောက်လုံး ခံစားပါစေ...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာကာ....

"ဒါဆိုရင်... ဒီမှာ ခင်ဗျား ဆက်နေလို့ရတယ်... တစ်ခြားသူတွေရဲ့ အပြောစကားတွေကို ခံနိုင်ရင်ပေါ့...။ သေချာတာ တစ်ခု​ပြောချင်တာက... ကျုပ်ရဲ့ စိတ်ဝိဉာဥ်အကုန်လုံးက ပျိုးပင်ငယ်ဆီမှာပဲ ရှိနေမှာက မမြဲခြင်းတရားတွေထဲမှာမှ ဖောက်လွဲထားတဲ့ သေချာခြင်းပဲ...။"

ထို့နောက်... ဒေါက်တာက အစ်ကို့ရှေ့မှ ထွက်မသွားခင်... အစ်ကိုကတော့....


"ကောင်းကောင်း နေ... ပျိုးငယ် သတိမထားမိတာနဲ့.. ရအောင် လာသတ်မှာမို့..."


အစ်ကိုက အကြည့်စူးစူးဖြင့်ပင် ကြိမ်းမောင်းလိုက်လေသည်...။


"အစ်ကို..."


အဲ့ဒီနောက်မှာတော့ ဒေါက်တာက ပြောင်းရွေ့မိန့်နဲ့ တစ်ခြားကို ပြောင်းသွားသည်တဲ့...။ ပြီးတော့ သိပ်မကြာပါဘူး... အဲ့ဒီဒေါက်တာက အိပ်ဆေးအလွန်အကျံ သုံးစွဲမှုနှင့် ဆေးရုံရောက်ခဲ့သည်တဲ့...။ အခုတော့ သူ့အခြေအနေ ဘယ်လိုရှိလဲ မသိသေးပါ....။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now