အတွေးနဲ့ ငြိမ်သက်နေသည့် ကြင်ယာတော်ကိုကြည့်ကာ မင်းသားချန်းယောလ်မှ စကားစလိုက်သည်။ ဒီအဆောင်တော်မှာ ညစာတည်ခင်းဖို့ရောက်နေချိန်မှစပြီး ပထမဆုံးပြောသည့်စကားက လက်ဆက်ပွဲအကြောင်းဖြစ်သည်။

"မင်းသား ကောင်းသလိုစီစဉ်ပါ"

"ပြီးတဲ့အခါ သိပ်မကြာခင်မှာပဲ တိုင်းပြည်ကို အုပ်ချုပ်ဖို့ နန်းတက်ဘုရင်ရွေးချယ်လိမ့်မယ်"

"ကျွန်တော့်ဘက်က ဘာများ ပြင်ဆင်စရာလိုသေးလဲ"

မင်းသားချန်းယောလ်က တာဝန်သိစွာမေးလာသော ကြင်ယာတော်စကားကြောင့် နှစ်ခြိုက်စွာပြုံးလိုက်မိရင်း ကြင်ယာတော်နဲ့ အနီးဆုံးနေရာသို့ ပြောင်းရွှေ့ထိုင်လိုက်သည်။ သူနဲ့ပါလာခဲ့သည်မှာ အမျိုးသားတစ်ဦးဖြစ်သော်လည်း နန်းတွင်းပျိုမယ်များနှင့် တန်းတူ နူးညံ့သိမ်မွေ့မှုနှင့် တင့်တယ်မှုရှိနေပြန်သည်။ ဆုံတွေ့ခါစအချိန်တုန်းက ဒီကိုယ်ရံတော်နှင့်ပတ်သက်လို့ စိတ်မတင်မကျ ဖြစ်စရာတွေများခဲ့သော်လည်း ယခုအချိန်တွင်တော့ စိတ်ခံစားမှုက တစ်မျိုးတစ်ဖုံ ပြောင်းလဲလျက်ရှိသည်။ မင်းသားက နန်းတက်ဖို့ကိစ္စကိုသာ အလေးထားသူဖြစ်သောကြောင့် သူထီးနန်းလွှဲယူရာမှာ အထောက်အကူဖြစ်မည့် ရတနာမို့ စိတ်ပြောင်းလဲခြင်းလား။ သို့တည်းမဟုတ် အခြားသောအကြောင်းအရာရှိခြင်းလား သူကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိသေးပေ။

"ကိုယ်တော့်နားမှာ နေပေးရင် ရပြီ"

ရိုးရှင်းသောဆင်ယင်ထုံးဖွဲ့မှုနှင့် တင့်တယ်စွာတည်ရှိနေသော ကြင်ယာတော်၏ ဆံနွယ်များကို နားရွက်နောက်သို့ အသာအယာသိမ်းပေးရင်း မင်းသားက ဆိုသည်။

"ကျွန်တော်က မင်းသားအနားမှာ အမြဲနေပေးဖို့ မလိုအပ်ဘူးထင်ပါတယ်
နောက်ပြီး ကျွန်တော့်ဘက်က မင်းသားကိုတောင်းဆိုစရာလေးတစ်ခုရှိပါတယ်"

"ဘာများလဲ ကိုယ်တော် တတ်နိုင်သလောက် အကုန်လိုက်လျောပေးမယ်"

"ကျွန်တော့်ကို ဓားကိုင်ခွင့်ပေးပါ
အမြဲဓားရေးလေ့ကျင့်နေရတဲ့သူက
ဓားကိုင်ခွင့်မရတာ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ
မင်းသားလည်း အထူးတပ်ဖွဲ့ကလူမို့နားလည်မယ်ထင်ပါတယ်"

THE EMPRESSWhere stories live. Discover now