အိမ်ပြန်ရောက်တော့ မမလည်း ပြန်ရောက်နေပြီ။ မမက သူ့ကို မကြည့်ပဲ Laptop ကို ကြည့်နေသည်။ မမကြည့်နေတဲ့ Laptop ကို မသိမသာ လှမ်းကြည့်တဲ့အခါ ထူးခြားတဲ့ ပန်းမျိုးနွယ်တွေ။ စိတ်အေးသွားပြီး ရေချိုးဖို့ ပြင်ဆင်လိုက်သည်။
မမနဲ့ တအိပ်ရာထဲ အတူအိပ်စက်ခွင့်ရတာဟာ ကံကောင်းမှုဆိုလျှင် မမရဲ့ဥပက္ခာတွေနဲ့ ရင်ဆိုင်နေရခြင်းကို ဘယ်လိုပြောရမလဲ။ ထွေးပွေ့ပစ်ချင်လွန်းတဲ့ ကျောပြင်သေးသေးလေးကို ညတိုင်းငေးမောကာ အိပ်ခဲ့ရသည်။ ငယ်စဥ်ကလို မမရင်ခွင်ထဲ တိုးဝှေ့ချင်သည်။ မမကိုလည်း တဖန်ပြန်ပြီး ဖက်တွယ်ထားချင်သည်။
'' ငါပြန်လာတော့မယ် လီဆာ ''
Email ကနေ ချစ်လှစွာသော ပတ်ချယ်ယောင်းဟာ အသိပေးလာသည်။ မတွေ့ရတာ ကြာနေတဲ့ သူငယ်ချင်းဖြစ်သူအား လေဆိပ်မှာ သွားကြိုခဲ့သည်။
'' ဘာတွေငေးနေတာလဲ လီဆာ ''
ချယ်ယောင်းနောက်က အမျိုးသမီးဟာ သူ့ကိုပြုံးပြနေသည်။ ၎င်းအမျိုးသမီးက တခြားလူမဟုတ်။ လီဆာ့ကို ခိုးပြေးခိုင်းခဲ့တဲ့ ကင်ဂျီဆူး။
'' ခဏဆိုပြီး တနှစ်တောင် ကြာသွားတယ် ဆူးရရယ် ''
'' နိုဘန်က တို့ကို တန်းမှတ်မိတယ်ပေါ့ ''
'' ဒီလိုအလှလေးကို မေ့စရာလား ''
ချယ်ယောင်းကိုကျော်ပြီး ဆူးရကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ ချယ်ယောင်းက သူတို့နှစ်ယောက်ကို .....။
'' သိနေတာလား အချစ်နဲ့လီဆာက ''
ချယ်ယောင်းရဲ့ အချစ်ဆိုသော နာမ်စားကြောင့် ဆူးရကို လီဆာကြည့်လိုက်သည်။ ဆူးရ ပြုံးပြုံးလေး ခေါင်းငြိမ့်ကာ..။
'' တို့ချစ်သူပေါ့။ မိတ်ဆက်မပေးလည်း မင်းတို့ချင်း သိနေမှာပါ ''
'' လိုက်ဖက်ပါတယ် ''
'' ကျေးဇူးပါပဲ ''
'' အခု ချယ်ယောင်းအိမ်ကို လိုက်ပို့ရမှာလား။ ဆူးရနေခဲ့တဲ့ အိမ်လေးကို လိုက်ပို့ပေးရမှာလား ''
'' အရင်အိမ်လေးကို လိုက်ပို့ပေးပါ ''
စကားတွေ ပြောရင်း ဆူးရရဲ့အိမ်လေးဆီ ပြန်ခဲ့သည်။ ဆူးရနဲ့ ချယ်ယောင်းက ဆူးရရဲ့ပန်းချီပြပွဲမှာ တွေ့ဆုံခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့သည်တဲ့။ ထိုမှတဆင့် ချစ်သူဖြစ်ကြပြီး တိတ်တဆိတ် လက်ထပ်ထားသူတွေ ဖြစ်သည်။ ဒါက ချယ်ယောင်းရဲ့ အနုပညာအလုပ်ကို ထိခိုက်မှာစိုးလို့ ဆူးရဘက်ကနေ နှုတ်ဆိတ်နေခြင်းပင်။
အပိုင်း ၁၄
Comenzar desde el principio