ပုဝါပါးလေးစွန်းမှာဆိုး(၂၆)

Start from the beginning
                                    

"အတော်ပဲ ဗီဒီရိုရိုက်ရင် ငယ်ထွေးက မီးထိုးပေး
ဦး ၊ ဒါမှ ဗီဒီယိုထဲ အလင်းအမှောင် အဆင်ပြေ
မှာ"

"အာ အစ်ကိုကလဲ ကူညီပေးမှာပေါ့"

"ကျုပ်ကောဘာကူညီပေးရမလဲ "

မိုက်မိုက်က သူ့ရင်ဘက်သူပုတ်ကာ အားကျိုးမာန်
တက်နှင့်မေးသည်။
ဗီဒီယိုရိုက်သည်ကို စိတ်ဝင်စားတာကတမျိုး၊
စကားဖြူ့ရဲ့အစ်ကိုဆို၍ ရင်းနှီးမှု ယူချင်သည်က
တဖုံပေါ့။

"ရတယ် ငယ်ထွေးနဲ့ တစ်ယောက်တစ်လှည့်
မီးထိုးပေးကြပေါ့ ၊ တစ်ယောက်မီးထိုးရင်
တစ်ယောက်က လမ်းအနေအထားကြည့်ပေး"

"ကောင်းပြီဗျာ ၊ ကူညီပေးမယ် "

"ကိုသူရိန် ၊ အစ်ကို့ကင်မရာကြီးက အလေးကြီး
ပဲဗျ"

"ဟုတ်တယ် ၊ ပခုံးပေါ်မှာ ထမ်းပြီးရိုက်ရတာ "

"ကျုပ်..၊ ကျုပ်ကိုသင်ပေးစမ်းပါဦး"

ငယ်ထွေးက သူ့ကိုဗီဒီရိုရိုက်နည်း သင်ပေးဖို့
ပြောသည်။
သူရိန် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပင်။
ကားမောင်းသင်ပေးတုန်းကလို ဖြစ်မည်ကလဲ
ဆိုးသည်။
ကင်မရာကလဲ စျေးကြီးရကြီးနှင့် ၊ တစ်ခုခုပျက်
သွားရင် ပြန်ပြင်ဖို့ကလဲ ခက်၊ ပစ္စည်းအပိုဝယ်ဖို့
ကလဲမလွယ်ချေ။
သို့ပေမယ့် စိတ်အားထက်သန်လွန်းစွာနှင့် ကြည့်
နေသည့် ငယ်ထွေးကြောင့် သေချာသင်ပေးလိုက်
သည်။

"ကျုပ်အခုရိုက်ကြည့်လို့ရလား"

"အာ..ဖလင်တွေအပိုကုန်မယ် ၊ အလှူနေ့ကျမှ
ခဏရိုက်ကြည့် ၊ အစ်ကိုမင်းကိုပေးရိုက်မယ်"

"တကယ်ပြောတာနော်"

"အင်း.."

"ကိုကို.."

ခြံဝိုင်းထဲဝင်လာသည့် စကားဖြူကြောင့် သူတို့
သုံးယောက် ကွတ်ပျစ်ပေါ်မှာ ကင်မရာတစ်လုံးနှင့်
အလုပ်ရှုပ်နေရာမှ စကားဖြူ့ကို လှည့်ကြည့်လိုက်
သည်။

"ညီမလေး "

"ဘယ်လိုဖြစ်ပြီး ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတာ
လဲ၊ ဖြူ့ကိုပြောတော့ အလုပ်မအားဘူးဆို "

"ဟုတ်တယ် ၊ ပွဲတစ်ခုရှိလို့ ၊ အခုအဲ့ပွဲကပျက်သွား
တာနဲ့ ဒီကိုထွက်လာခဲ့တာ ၊ ရွာအလှူလေး မှတ်တမ်း
တင်ရိုက်ချင်လို့ ၊ ရှင်လောင်းတွေကလဲ အများကြီး
ဆို "

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now