" ဝိုးး Khun Aon ရည်းစားရနေပြီပေါ့လေ။ "

Day က စိတ်လှုပ်ရှားမှုအပြည့်နဲ့ မေးလိုက်သည်။

" အိုး ကောင်မလေးရှိနေတာကြာပါပြီ။ သူက ကျွန်တော့်ကို အပြေးပြိုင်ပွဲအတွက် guide လုပ်ပေးတဲ့သူလေ။ ငါတို့အချိန်အကြာကြီးတွေ့ခဲ့ကြတာမို့ လယ်ဗယ်တစ်ခုတော့ ရောက်နေပြီပေါ့ကွာ။ "

Aon က တည်တည်ငြိမ်ငြိမ်ပဲ ဝန်ခံသည်။

" တွဲလာတာကြာပြီဆိုတော့ ဘာဆက်လုပ်တော့မှာလဲ ? "

Mhok က ပြုံးစစနဲ့ မေးလိုက်သည်။

" လက်ထပ်ခွင့်‌တောင်းဖို့ အချိန်ရောက်ပြီလေ။ သူ့ဘက်ကလည်း လက်ခံမှာကျိန်းသေတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲကျ ငါတို့နောက်ဆုံးစည်းကို ဖြတ်လိုက်တာနဲ့ သူ့ကို လက်ထပ်ခွင့်တောင်းတော့မှာ။ ငါ ဒီလိုလက်ထပ်ခွင့်တောင်းမယ်လို့ သူတွေးမိမှာမဟုတ်ဘူး။ သူ့စိတ်ထဲမှာ ခရီးတစ်ခုခုသွားရင်း၊ မဟုတ်လည်း စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ လက်ထပ်ခွင့်တောင်းမယ်လို့ပဲ ထင်နေမှာ။ Aon ရဲ့အတွေးကို ဘယ်သူမှလိုက်မမှီနိုင်ဘူး ညီလေးတို့ရ !! "

အချစ်မှာပျော်ဝင်နေတဲ့သူက အရမ်းကိုအူမြူးနေတဲ့လေသံနဲ့ပြောနေသည်။

" တကယ်ကြီးလား Khun Aon ? အမြင်အာရုံကောင်းတဲ့သူတစ်ယောက်က ကျွန်တော်တို့လို အမြင်အာရုံချို့တဲ့နေတဲ့သူနဲ့ တစ်သက်လုံး အတူရှိသွားဖို့ဆိုတာက တကယ် ဖြစ်နိုင်လို့လား။ "

Day က တိုးဖွဖွ မေးသည်။ တစ်ခြားသူဆီကအ‌ဖြေကိုသိချင်တယ်ဆိုတာထက် ဒီမေးခွန်းကို သူ့ကိုယ်သူလည်း မေးနေမိခြင်းသည်။

" ဘာလို့ ဒီလိုပြောရတာလဲ Day ? ကိုယ့်ကိုယ်ကို ဝေဖန်နေတာကိုရပ်သင့်တယ်လို့ အစ်ကို့ကို ဘယ်သူပြောခဲ့တာလဲ။ Day မင်းအခု ကိုယ့်ကိုယ်ကို ဝေဖန်နေတာမဟုတ်ဘူးလား။ "

Mhok က Day ရဲ့စကားအတိုင်း ပြန်ကလဲ့စားချေလိုက်သည်။

" Khun Day .. ကျွန်တော်တို့ မျက်စိမမြင်တဲ့သူတွေက သာမန်လူတွေထက် ညံ့ဖျင်းတယ်လို့ မတွေးသင့်ဘူးလေ။ အချစ်ဆိုတာ အမြင်အာရုံပေါ်မှာ မူတည်တာမှမဟုတ်တာ။ စိတ်သဘောထားနဲ့ နှလုံးသားကပဲ ပိုအရေးကြီးတာ။ တကယ်လို့ မီးသာမှိတ်လိုက်မယ်ဆို လူတိုင်းမမြင်ရတော့တာ အတူတူပါပဲ ဟုတ်တယ်မလား။ "

Last Twilight : MM Translation Where stories live. Discover now