☆ Chapter - 8 ☆

Start from the beginning
                                    

"ငါ့ကိုဒီတိုင်း​ပြောပြ​ပေးပါ အင်ဟန်း။ ငါ​သေ​လောက်တဲ့​ရောဂါတစ်ခုခုဖြစ်​နေတာလား"

အင်ဟန်းသည်သူ့အားတစ်ချက်မျှကြည့်ကာ စာရွက်စာတမ်းများကိုကြည့်၍ ဂျိတ်ခ်အား​ခေါ်လာရန်​ပြောသည်။ အင်ဟန်းသည် ​​ဂျေးတို့၏ မင်ဂလာ​ဆောင်သို့လာခဲ့​သော​ကြောင့် ဂျိတ်ခ်အားသိသည်။

"မင်းရဲ့ အမျိုးသားကို​ခေါ်လာခဲ့ ​ဂျေး"

သို့​သော် ​ဂျေးသည်​ခေါင်းမာသည်။ သူအကယ်၍​သေ​လောက်သည့် ​ရောဂါဖြစ်​နေသည်ဆိုလျှင်​တောင် ထို​ကောင်​လေးအားမသိ​စေလိုပါ။

"​ပြောပြပါကွာ။ ငါတကယ်လို့ ​ရောဂါဖြစ်​နေရင်​တောင် ဂျိတ်ခ်သိသွားပြီး ၀န်ပိ​စေတာမျိုးမဖြစ်​စေချင်ဘူး။ ငါကတစ်ခုခုဖြစ်ရင်​တောင် ​ပြေးဖက်ငိုရမယ့်အရွယ်မှမဟုတ်​တော့တာ"

​ဂျေး၏တည်ငြိမ်​သောအသံနှင့် မလိုက်ဖက်စွာ ​အေးစက်​နေ​သောလက်များ။

အင်ဟန်းလည်း ​ခေါင်းမာ​သော​ဂျေး​ကြောင့်မတတ်သာ​တော့။ ထို့​ကြောင့်.....။

"မင်း အစာအိမ်ကင်ဆာဖြစ်​နေတာ ​ဂျေး"

​ဂျေး၏မျက်စံ​လေးများ ​ရွေ့လျားလာကာ နှလုံးခုန်သံများမြန်လာခဲ့သည်။

"မင်း စစဖြစ်ကတည်းကလာပြမယ်ဆို ဒီ​လောက်ထိဆိုး​နေမှာမဟုတ်ဘူး"

သူ့အားမျက်နှာလွှဲကာ ​ပြော​နေ​သောသူငယ်ချင်းဖြစ်သူ၏စကားများ။

"ငါ့ကို တစ်ခုမကျန်အကုန်​ပြောပြ​ပေး အင်ဟန်း"

​ဂျေးသည် ယခုအချိန်မ​ကြောက်ဖူးဟု​ပြောလျှင် လိမ်ရာကျလိမ့်မည်။ သို့​သော် အားတင်းကာ မရင်ဆိုင်ချင်​သော၊ မကြားချင်​သော အမှန်တရားများကို​မေးလိုက်ရ​လေသည်။

"ခွဲစိတ်လို့မရဘူး။ ​ဆေးလည်းမကယ်နိုင်​တော့ဘူး။ မင်း​ရောဂါကတစ်အားကျွမ်း​နေပြီ။ စစဖြစ်​နေတဲ့အချိန်မှာ မင်းရဲ့အိပ်ချိန်စားချိန်ကိုဂရုမစိုက်လို့ ပိုပိုဆိုးလာတာ။ အခုမင်းမှာ အချိန်......နှစ်လ...ထက်မပို​တော့ဘူး ​ဂျေး"

အင်ဟန်းသည် မျက်ရည်များ၀ဲ​နေခဲ့သလို ​ဂျေးသည်လွန်စွာတုန်လှုပ်​နေ၍ ကိုယ့်နားကိုယ်​တောင်မယုံနိုင်။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now