🖤🤍🖤🤍🖤🤍
Sarawatကျောင်းတော်ကြီးသည်နှစ်စဥ်နှစ်တိုင်းလူတော်လူကောင်းတွေကိုမွေးထုတ်ပေးလေ့ရှိသောကျောင်းတော်ကြီးတစ်ခုဖြစ်တယ်။အချိန်ကားနေ့လည်12နာရီခွဲပြီဖြစ်တဲ့အတွက်ကန်တင်းမှာလည်းလူများဖြင့်ပြည့်ကြပ်နေလေတယ်။ထိုအထဲတွင်မှအန်တီဆုမ်ရဲ့ထမင်းကြော်ဆိုင်ကတော့လူများဖြင့်ကြိတ်ကြိတ်တိုးနေကာခုံနေရာပင်မနည်းဦးနေရသည်။ထိုလူအုပ်များကြားတွင်jamesတို့သူငယ်ချင်းတစ်စုကတော့ခုံလွတ်ကိုမနည်းပြူးပြဲလိုက်ရှာရင်းနေရာရဖို့အရေးကြိုးပမ်းနေကြသည်။
"ဟာ....များလိုက်တဲ့လူတွေကွာဒီတိုင်းဆိုငါတို့ဒီနေ့ထမင်းတောင်စားရပါ့မလားးး"
Yimကစိတ်ညစ်စွာပြောလိုက်တယ်....အားလုံးရဲ့မျက်နှာတွေကလည်းဒီအချိန်မှာမကြည်လင်နိုင်ကြတော့ပါ...ဗိုက်ဆာနေကြပြီမဟုတ်လားးးဒီကြားထဲအငွေ့တထောင်းထောင်းနဲ့ပူနွေးနေတဲ့ထမင်းကြော်လေးကိုမြိန်ရည်ရှက်ရည်စားနေကြတဲ့လူတွေမြင်နေရတော့သူတို့ရဲ့ဆာနေတဲ့ဗိုက်ကိုပိုပြီးလှုံဆော်လို့နေတယ်....
"ဘယ်လိုလုပ်ကြမလည်းနေရာတွေကလည်းပြည့်နေပြီအဲ့တာကြောင့်ငါပြောပါတယ်မြန်မြန်လုက်ဆိုတာကိုမင်းကအချိန်ဆွဲနေတာကိုးးးး"
Thomasရဲ့လက်မောင်းကိုရိုက်လိုက်ရင်းyimကစိတ်မရှည်တဲ့လေသံနဲ့ပြောလိုက်သည်။
"ဟ...ငါလညွးအမြန်လုပ်တာပါဘဲဒါပေမယ့်ဒီနေ့ငါကူးရတဲ့စာတွေကများတယ်လေကွာ..."
"အဲ့တာမင်းဘာသာအိမ်မှာမတွက်ခဲ့တဲ့အပစ်လေ..ဒီရောက်တော့ထပ်ခံနည်းကြမှပြူးပြဲကူးတော့ဘယ်မှီပါ့မလည်းးး"
ဒီတစ်ခါပြောလိုက်တာကjmaesပါ။အစထဲကဒီနေ့အန်တီဆုမ်ထမင်းကြော်စားမယ်လို့တိုင်ပင်ခါးကြပြီးသား...အဲ့တာကိုthomasကအိမ်စာပြီးမလာလို့ထပ်ခံနီးမှပြူးပြဲကူးနေတော့ဒီလိုနောက်ကျရခြင်းဖြစ်တယ်။ဒီအတိုင်းဆိုပါဆယ်ပဲဖြစ်ဖြစ်ထုတ်ပြီးတစ်နေရာရာမှာသွားစားမှဖြစ်တော့မည်။သူငယ်ချင်းသုံးယောက်သားတိုင်ပင်လိုက်ကြပြီးတော့ထမင်းကြော်ကိုပါဆယ်ထုတ်ကာထွက်လာခဲ့ကြတော့သည်။