ပုဝါပါးလေးစွန်းမှာဆိုး(၂၅)

Start from the beginning
                                    

"မောင်ရှင်လောင်းတွေ သင်္ကန်းတောင်းကျက်ထား
ကြနော် ၊ အမြင့်တွေမတက်နဲ့ ၊ ရေကန်တွေထဲ
မဆင်းနဲ့ ၊ ညဘက်တွေ မဆော့ကြနဲ့ "

သက်ဆိုင်ရာ ရွာသူကြီးတွေမှ ရှင်လောင်းမိဘတွေ
ကို မှာတမ်းချွေသည်။
ပိုက်ဆံရှိသူမရှိသူ ဟူ၍ ခွဲခြားခြင်းမပြုပဲ အားလုံး
တန်းတူရည်တူ မိမိတို့၏ သားလှရတနာများကို
သာသနာ့ဘောင်သို့သွတ်သွင်းကာ ရှင့်ဒါယကာ၊
ဒါယကာမများ အဖြစ်ခံယူကြသည်။
တတ်နိုင်သူကလဲ တတ်နိုင်သည့်အလျောက် အလှူ
ငွေထည့်ကြသည်။
ငွေကြေးမတတ်နိုင်သူများကလဲ သူတို့ချွေးနည်းစာ
လေးတွေဖြင့် စုဆောင်းထားသမျှကို လှူကြသည်။
မိုက်မိုက်တို့လို ကလေးမရှိသည့် မိသားစုတွေကလဲ
ကိုယ်တတ်နိုင်သလောက် အားတက်သရော ဝိုင်းဝန်း
ကူညီကြသည်။
မိုက်မိုက်တို့မိသားစုက ငွေကြေးမတတ်နိုင်သော
ရှင်လောင်းလေးတွေအတွက် ဆယ်ပါးစာ အလှူငွေ
ထည့်ထားသည်။
ဆီတတ်နိုင်သူကဆီ ၊ ကြက်သွန်တတ်နိုင်သူက
ကြက်သွန် ၊ ဆန်လှူသည့်လူကလှူနှင့် ရွာပုံစု
အလှူပွဲကတော့ အလှူမတိုင်ပင်ကပင် မြိုင်မြိုင်
ဆိုင်ဆိုင်ရှိနေတော့သည်။

"ရှမ်းဝိုင်းနဲ့ ဒိုးပတ်ဝိုင်းအတွက်ကတော့မပူနဲ့
မေတ္တာနဲ့ကူညီပေးကြမှာ ၊ ဆုတော်ငွေအတွက်လဲ
မပူနဲ့ သူဌေးတွေပေါတယ် "

"သောက်သောက်စားစားတော့မလုပ်ကြနဲ့ပေါ့ကွာ
အလှူပြီးမှ မင်းတို့ဘာသာ ဘယ်လောက်သောက်
သောက် ၊ ဘယ်လောက်မူးမူး ၊ ပွဲနေ့တော့ မလုပ်
ကြဖို့ ငါမေတ္တာရပ်ခံတယ် "

တချို့ကလဲ ဆိုင်းနှင့်အငြိမ့်ပါသည်ဆို၍ ပွဲစျေး
ရောင်းရန် တာဆူနေကြသည်။

"စျေးရောင်းတာကတော့ ရောင်းကြ ၊ မတားဘူး
ကစားဝိုင်းတော့ မလုပ်ကြနဲ့ "

သူကြီးအားလုံးစုပြီး ပွဲစျေးအတွင်း အရက်သေစာ
နှင့် လောင်းကစားဝိုင်းများမလုပ်ဖို့ အမိန့်ထုတ်ထား
သည်။

သင်္ကြန်အကြိုနေ့
မိုက်မိုက်နှင့်ငယ်ထွေး အိမ်ကအတူထွက်လာကြသည်။
သို့ပေမယ့် သွားမည့်နေရာတော့မတူကြ။
ငယ်ထွေးက မြလေးအိမ်သို့ သွားမည်ဖြစ်ပြီး
မိုက်မိုက်ကတော့ စကားဖြူ့ဆီသို့ဖြစ်သည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now