Part -1

28 2 0
                                    

ဒီလိုကျောင်းဖွင့်ရက်တွေဟာဆိုရင်တော့ဖြင့်
lee felix အတွက် ကျက်သရေမဂ်လာအပေါင်းခညောင်ခဲ့ရသည်မှာ
တစ်ပတ်ကျော်ခဲ့လေပြီ
အစကကျောင်းဖွင့်ရက်ဆို ကမ္ဘာပေါ်မှာကံအဆိုးဆုံးနေ့အလား
မှတ်ယူထားသူပင်
ပြောင်းလဲသွားရတဲ့အဓိကအကြောင်းအရင်းလေးကတော့ဆိုရင်ဖြင့်
ကျောင်းဖွင့်တိုင်းအချိန်တိုင်းစက္ကန့်မလပ်
ထိုင်းငေးချင်စရာကောင်းလှတဲ့
စီနီယာကိုကိုလေးတစ်ယောက်ကြောင့်

''mom သားသွားပြီနော်ကျောင်းရောက်မှမနက်စာဝယ်စားလိုက်တော့မယ်ဟိုကောင်ကိုလည်း
သွားခေါ်ရအုန်းမာမို့''

အရင်ကဆိုကျောင်းသွားဖို့ရပ်ကွက်တစ်ခုလုံးကြားအောင်အော်နှိုးရသောသားလေးမှာဖြင့်
အခုဆိုနှိုးစရာမလိုတဲ့အပြင်
အစောကြီးတွေပါကျောင်းသွားနေတဲ့အခါ
felix အမေနည်းနည်းတော့
မျက်ခုံးလှုပ်မိလေသည်

________________________________

''အန်တီ ဟိုseungmin မနှိုးသေးဘူးလားဟင်သားကျောင်းသွားဖို့
သူ့ကိုလာခေါ်တာ''

felix တစ်ယောက်seungmin တို့အိမ်ရှေ့ရောက်တော့တံခါးခေါက်လိုက်ရာ
seungmin မေမေမှ
လာဖွင့်၍ပြောလိုက်ခြင်း

''အေးအေး သား
သူလည်းပြင်ဆင်ပြီးစောင့်နေတာ
ခဏ အန်တီခေါ်ပေးမယ်နော်''

''ဟုတ်အန်တီ''

''seungmin ရေfelixရောက်ပြီ
ကေ​ျာင်းသွားရအောင်တဲ့
ဆင်းခဲ့တော့''

''ဟုတ် ဟုတ်လာပြီ''

ဆင်းလာပါပြီသူ့ရဲ့အချစ်ရဆုံးbestfriendလေး
အခုဆိုပိုပြီးချစ်ပြရတော့မှာ
ဘာလို့ဆိုသူ့ကိုကိုလေးကဒီbestfriend
လေးရဲ့တစ်ဝမ်းကွဲအကိုဆိုပဲ..ဟဲဟဲ

''အာ့ဆိုသားတို့သွားပြီနော် bye''

''အေးအေး ကောင်းကောင်းသွားကြနော်''

At school

''ဟေ့ရောင် အတန်းထဲမသွားသေးဘူးနော်
မင်းအကိုဆီသွားရအောင်အရင်ဆုံး
မနက်ခင်းလေးမှာ
မြင်လိုက်ရရင်ဒီကောင်ကြီးရဲ့
တစ်နေ့တာလုံးက
ကျက်သရေရှိသွားလိမ့်မယ်''

ပြန်ရလိုက်သည်ကတော့seungminရဲ့အလှဆုံး
မျက်စောင်းလေး

''မင်းဟာပိုကိုပိုတယ်ကွာ
ဒါပေမဲ့လည်းလိုက်ပို့ပါ့မယ်
ငါဗိုက်ဆာနေတာဆိုတော့..ဟဲ
မင်းသိပါတယ်''

I love KokoOnde histórias criam vida. Descubra agora