အမှတ်တရ သင်္ကြန်

141 27 0
                                    

"ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ ဘယ်အရပ်သူဇာတိမှန်းလည်းမသိတော့ အခက်တွေ့ပြီ မနှစ်ကပေးတဲ့မင်းလိပ်စာရေတွေစိုလို့ပျက်ကုန်ပြီ မမှတ်မိတော့ခက်သားလှဒေဝီ"

သင်္ကြန်အခါတော်‌ရောက်တော့မည်၊ရပ်ကွက်အတွင်း၌လည်း အိမ်တိုင်းလိုလို သင်္ကြန်သီချင်းများကိုမရိုးနိုင်စွာကြားနေရပြန်သည်။ ကလေးသူငယ်များကလည်း သင်္ကြန်အတွင်းဆော့ကစားကြရန် သူတို့အစီအစဉ်နှင့်သူတို့ဟုတ်နေကြတော့သည်။

မွေးချင်းမောင်နှမတွေမရှိပေမဲ့ ရင်းနှီးသောဆွေမျိုးများနှင့်အတူနေရခြင်းကြောင့် ဂျောင်ကုမှာအိမ်ရဲ့ကလေးဗိုလ်တစ်ယောက်‌လို ဖြစ်နေလေသည်။ ယခုလည်း သင်္ကြန်အတွင်း ထွက်လည်ရန် ဂျောင်ကုကိုအပူလာကပ်နေကြပြန်သည်။

"ကိုကြီးဂျောင်ကု သင်္ကြန်ကျရင်လျှောက်လည်ကြမယ်နော်၊ကိုကြီးပါရင်မေမေက ကားငှားပေးမယ်လို့ပြောတယ်၊ကိုကြီးပါလိုက်ခဲ့ နော် နော်လို့.."

ဂျောင်ကု၏လက်မောင်းကိုလှုပ်ရမ်းကာ အလည်အပတ်သွားချင်ကြောင်းဂျီကျနေသော ညီမတစ်ဝမ်းကွဲလေးဟာအွန်း။ အသက်အားဖြင့်18နှစ်ထဲသို့ရောက်နေသော်လည်း အခုချိန်ထိ အငယ်တွေနှင့်ပေါင်းကာ ဆိုးတုန်း၊ပွေတုန်း။ အနောက်ကိုလှည့်ကြည့်လိုက်တော့လည်း ဟာအွန်းလိုဂျီကျခြင်းမရှိပေမဲ့ ဂျောင်ကုအားမျှော်လင့်တကြီး ကြည့်နေကြတော့ အကြည့်များကြောင့် ပြုံးလိုက်မိသည်။ လိုက်ပို့ဖို့ဆန္ဒရှိပြီးသားပေမဲ့ ပွေလီလှတဲ့ညီမကိုပညာလေးနည်းနည်းလောက်ပြလိုက်ဦးမည်။

"ကိုကြီးကလိုက်ပို့ချင်တာပေါ့ ဟာအွန်းလေးရယ်၊ဒါပေမဲ့ ဟာအွန်းလေးရဲ့ဒေါ်ဒေါ်၊ကိုကြီးရဲ့မွေးမေမေက သင်္ကြန်တွင်းဥပုသ်သွားစောင့်ရင်ကိုကြီးကိုပါလိုက်ခဲ့ဖို့ပြောထားတယ်၊ဘယ်လိုလုပ်ကြမလဲ ပြော"

ထိုစကားကြောင့် ဟာအွန်းလေးမှာမထင်ထားသလို မျက်နှာလေးမှိုင်ကြသွားသည်။

"ကိုကြီးကလည်း ဒေါ်ဒေါ့်ကိုငြင်းလိုက်လေ။သင်္ကြန်ကတစ်နှစ်မှတစ်ခါပဲကြုံရတဲ့ဟာ မလည်ရင်နှမြောစရာကြီးလို့ကိုကြီးရဲ့"

အမှတ်တရ သင်္ကြန်(One Shot)Where stories live. Discover now