part (3)

245 20 3
                                    

Bio ချိန်
 
      အတန်းပိုင်ဆရာမရဲ့ engချိန်ပြီးသွားတဲ့နောက် ဒေါ်သရဖီနွေးရဲ့ bioချိန်ရောက်လာလေသည်။
" မင်္ဂလာပါဆရာမ"
      "တီချယ်ကတော့ grade 11,12 ကို bioသင်မယ့်ဆရာမဘဲဖြစ်တယ် မင်းတို့‌သင်‌ေနတဲ့ အရင်ဆရာမက ရုတ်တရက်ကြီး နှုတ်ထွက်သွားတော့ တီချယ်က လေ‌ာလောဆယ် အစားဝင်သင်တဲ့ဆရာမဖြစ်တာမလို့ တီချယ်ကို အရမ်းကြီးကြောက်ဖို့မလိုပါဘူး ရိုသေလေးစားရင်ရပြီ တီချယ်ပြောချင်တာကတော့ ဒါပါဘဲ အခုလောလောဆယ် သင်‌ေနတာ ဘယ်အခန်းတွေ ရောက်သွားပြီလဲ အော် ဒါနဲ့ တီချယ်က ဆရာဝန်အလုပ်ကနေ ခဏနားထားတာဆိုတော့ bioအကြောင်းကို ထုံးလိုမွှေရေလိုနှောက်အကုန်သိတယ် ဒါကြောင့်မင်းတို့ ဆရာမအပြောင်းအလဲကြောင့် နားမလည်တာတွေဖြစ်မှာမပူနဲ့ "
      ကဲ စာသင်ကြရအောင်.......

တစ်ဖက်မှာ တီချယ်သရဖီက စာသင်နေပေမယ့်
တစ်ဖက်မှာတော့...
In ထက်' mind
      ချောလိုက်တဲ့ တီချယ် ငါဒီတစ်သက် ဒီလောက်ချောတဲ့မိန်းမမြင်ဖူးမယ်မထင်ဘူး အရပ်ကလည်း အရှည်ရီးဘဲ မျက်လုံးကလည်း နက်မှောင်ပြီး လူကိုညှိ့ယူနိုင်စွမ်းရှိလိုက်တာ သဘောကျလိုက်တာ စတွေ့ ‌ေတွ့ချင်းမှာတင် လူကိုစိုးမိုးနိုင်လိုက်တာ....
ဟမ်  နေပါအုံး ငါဘာတွေတွေးနေတာလဲ ဒါငါ့ဆရာမလေ မဟုပါသေးဘူး ထက်သဇင်ဦးစိတ်ကပ်စမ်း

ထိုအချိန် တီချယ့်ထံမှ သမီးဘာဖြစ်နေတာလဲ စာထဲမှာ စိတ်ရောက်မနေသလိုဘဲနော် ကြောင်ကြည့်‌မနေနဲ့ ထက်သဇင်ဦး သမီးကိုပြောတာ

ဟုတ်တီချယ် ညကအိပ်ရေးမဝလို့ပါ တီချယ် သမီးနောက်ဆို ဂရုစိုက်ပါ့မယ် ( in mind' သူက ငါ့နာမည် ဘယ်လိုသိသွားတာပါလိမ့်)
ထိုအချိန် အတန်းချိန်တစ်ချိန်ပြီးသွား၍ Alarm မြည်လေသည်။

အတန်းချိန်ပြီးပြီ‌ဆိုတော့  "အားလုံး အတန်းဆင်းလို့ရပြီ"

In break time__

သဇင်က "ထက် ဟိုတီချယ်က နင့်နာမည်သိနေတယ်နော် ဘယ်လိုလုပ်သိနေတာလဲ မသိဘူး"
"အေးနော် ဒါပေမယ့် အတန်းထဲအဆူခံလိုက်ရတယ်ဟယ်"
ဧကရီက "နင်က ဘာတွေတွေးနေလဲမှမသိတာ အဆူခံရတာတောင် နည်းသေး" ဟု ကြားထဲက ဝင်စလိုက်လေသည်။
"နင်တို့ကလည်း ကိုယ့် သူငယ်ချင်းလေးကို မပြောပါနဲ့  နင်တို့ကအဲ့လိုပြောတော့ ငါကဝမ်းနည်းတာပေါ့"
"ပန်းနုသွေးမနေနဲ့ လာမုန့်သွားစားမယ် ရတဲ့အချိန်က ၁၅မိနစ်ရယ် လေပေါမနေနဲ့ သွားမယ် လာ"

ဒီလိုနဲ့ဘဲ ထက်ရဲ့ တစ်နေ့တာ စာသင်ချိန်ပြီးသွားကာ ထက်တစ်ယောက် အိမ်ပြန်ရင် ကားမှတ်တိုင်၌ ကားစောင့်နေလေသည်။ထိုစဉ် ကားအနက်ရောင်တစ်စီး ထက်ရှေ့ရောက်လာ၍ ကားမောင်းသူမှာ မိမိအား မနက်က ဆူလိုက်သော တီချယ်သရဖီဖြစ်နေလေသည်။
In mind
( ဟမ် သူက ကားပါမောင်းတတ်တာလား OMG
Independent woman style ရီး ငါတော့ကြာရင် ရူးတော့မယ်)

တီချယ်က "သမီး တစ်ယောက်ထဲလား လိုက်ပို့ပေးရမလား "
"ရတယ်တီချယ် အားနာစရာရီး မလိုက်တော့ဘူး သမီးတခြားဝင်စရာရှိသေးလို့ "
‌"အော် okလေ အဲ့ဆို တီချယ်သွားပြီနော် See you later"ဟုပြောပြီး မောင်းထွက်သွားလေသည်။

(ဟမ် ဘာလို့ see you later လို့ပြောတာလဲမသိဘူး ထူးဆန်းလိုက်တာ)
ဒီလိုနဲ့ထက်သဇင်ဦးတစ်‌ေယာက် အတွေးများစွာနဲ့ အိမ်ပြန်လာလေသည်။

ထက်'pov
   ဖိနပ်စင်မှာ မေမေမနက်ကစီးသွားတဲ့ဖိနပ်ပါလား မေမေပြန်ရောက်ပြီထင်တယ် စကားပြောသံကြားတယ် ဧည့်သည်ရောက်နေတယ် ထင်တယ်

"မေမေ‌ သမီးပြန်ရောက်ပြီ သမီးဒီညအတွက် pizza company က မေမေကြိုက်တဲ့ Hawaii pizza ဝယ်လာခဲ့တယ်မေမေ မေမေ ဒါနဲ့လေ ကျောင်းကိုလေ ‌တီချယ်ချောချော....."
(ဟမ် တီချယ်သရဖီက ဘယ်လိုလုပ်အိမ်ရောက်နေတာလဲဟ see you laterဆိုတာ ဒါကို ပြော‌တာလား သူကဘာလို့ဒီရောက်နေတာလဲ? ကျောင်းမှာစာလိုက်မလုပ်လို့ မေမေနဲ့တိုင်မလို့လား? မဖြစ်နိုင်တာ )
ထက်သဇင်ဦးတစ်ယောက် မေးခွန်းပေါင်းများစွာနဲ့ တွေဝေနေချိန်
"သမီးလေးတောင် ပြန်ရောက်လာပြီဘဲ လာလေသမီး သမီးကိုမေမေမိတ်ဆက်ပေးရအူံးမယ် ဒီမှာ မေမေ အရင်က စာ‌သင်ပေးခဲ့ဖူးတယ် မေ့မေ့တပည့်ဟောင်း ‌ဒေါ်သရဖီနွေးတဲ့"

"နွေးတို့က ကျောင်းမှာ တွေ့ပြီးပြီမမရဲ့  နွေးက  မမသမီး အတန်းရဲ့ bio ဆရာမအသစ်လေ"
"အော် ဟုလား ဒါဆို အဆင်သင့်တာပေါ့ နွေး မမ သမီးကို သေချာစောင့်ရှောက်ပေးပါအုံး မမက အလုပ်တစ်ဖက်နဲ့ဆိုတော့ မအားတော့ သူ့ကိုဂရုမစိုက်ဖြစ်ဘူး နွေးကဘဲ သူ့ကို ဆုံးမစရာရှိတာဆုံးမပေးပါအူံးနော်"

"ဟုတ်ကဲ့ပါ မမရယ် မမသမီးက လိမ္မာပြီးသားပါ နွေးစောင့်ရှောက်လိုက်ပါ့မယ်"
"မေမေတို့စကားပြောနှင့်ကြဦးလေ သမီးအဝတ်စားလဲလိုက်ဦးမယ်နော်"
"အေးအေးသမီးလေး"

ဒီလိုနဲ့ ထက်လည်း ကိုယ့်အခန်းရှိရာ အပေါ်ထပ်တက်ခဲ့လိုက်တယ်....
(ဆက်ရန်)
 

   

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Save Me In Time Where stories live. Discover now