အခန်း (၃၂) ကြယ်စဉ်ကိုးနွယ် ပုလဲသွယ်နက္ခတ်!

Start from the beginning
                                    

မဟုတ်မှလွဲ သူရဲကောင်း မင်းက သူများအိမ် သွားချောင်းမလို့လား! တကယ်သာ ဆိုရင်တော့ အကြမ်းဖက်သမားကို နှာဘူးပေါင်းလိုက်သလိုပဲ!

" မကြည့်ရင် နောင်တရမှာနော် "

ချင်ရှောက်ယွီက ခုတင်ဘေးနားတွင် ထိုင်သည်။

" တကယ်လို့ အဲ့ဟာက ကြည့်မကောင်းဘူးဆိုရင် အခန်းပြန်ရောက်ရင် ပြန်စိတ်ဆိုးလိုက်.. ဘယ်လိုလဲ? "

" ........ "

ရှန်ချန်းလင်သည် တွေဝေသွားရသည်။ ချင်ရှောက်ယွီက သူ့ကို အင်္ကျီဝတ်ပေးလိုက်သည်။ ရှန်ချန်းလင်က စိတ်ဆိုးဆိုးနှင့်ပင် -

" ဒါ မင်းအတွက် နောက်ဆုံးသော.. တစ်ခုတည်းသော အခွင့်အရေးနော်! "

" အင်း "

ချင်ရှောက်ယွီက လေးလေးနက်နက် ဖြေသည်။

" အဲ့တာကြောင့်မို့ ကိုယ် သေချာ တန်ဖိုးထားမှာ "

" ဧကန္တ သိုင်းလောကထိပ်သီး လျှို့ဝှက်သိုင်းကျမ်းများ ခိုးမလို့လား? "

ရှန်ချန်းလင်က အတွေးနယ်ပယ်များကို ဖြန့်ကျက်ကြည့်လိုက်သည်။

" ကိုယ်က အဲ့လို အောက်တန်းကျတဲ့အလုပ်တွေ လုပ်မဲ့လူနဲ့ တူလို့လား? "

ချင်ရှောက်ယွီက မေးသည်။

မင်းက တူတာ မဟုတ်ဘူးလေ.. မင်းကိုယ်က အဲ့လိုလူပဲကို! ! !

ရှန်ချန်းလင်က မိမိ၏ နီရဲတွတ်နေသော တင်ပါးကို အသာအယာ ပွတ်ကြည့်ပြီး မျက်ဝန်းများက ပို၍ ဒေါသထွက်လာပြန်ပုံပင်။

" မင်းကို ဆေးကူလိမ်းပေးရမလား? "

ချင်ရှောက်ယွီက ရယ်ချင်တာကို ထိန်းပြီး မေးသည်။

မင်းနှမကိုပဲ ကူလိမ်း!

ရှန်ချန်းလင်သည် ခါးကိုင်း၍ ဖိနပ်ကို သေချာစီးလိုက်သည်။

တင်ပါးဆိုတဲ့အမျိုးက မင်းကြည့်ချင်တိုင်း ကြည့်လို့ရမဲ့အမျိုးလား!

နှစ်ဦးသားသည် အဝတ်အစားများ သေချာပြန်ဝတ်ပြီးသော် တည်းခိုခန်း၏ နံရံကို ကျော်၍ အပြင်ခုန်ထွက်သွားကြတော့၏။ ယနေ့အတွက် အစောင့်အကြပ် တာဝန်ကျသော ငယ်သားများကမူ ရင်တသသ တွေးမိကြလေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now