အခန်း (၂၇) လက်ဆောင်လေးတစ်ခုပေးမယ်!

Start from the beginning
                                    

" တကယ်ကို ကိုယ်နဲ့ ရှေးဟောင်းနှောင်းဖြစ်ကိစ္စတွေ မပြောချင်ဘူးလား? "

ရှောင်းကျန်က လက်ဆန့်၍ သူ့ကို တား၏။

ဘယ်သူက မင်းနဲ့ ရှေးဟောင်းနှောင်ဖြစ်တွေ ပြောရမှာလဲ!

ရှန်ချန်းလင်သည် ထိုလူအား ဒေါသဖြင့် ကြည့်လိုက်ပြီး -

" ဖယ်စမ်း! "

ဘယ်သူကများ မင်းကို ငါ့မျက်လုံးတည့်တည့် စိုက်ကြည့်ခွင့်ပေးလိုက်လို့လဲ! !

" တကယ်ကို အကြင်နာတရား ကင်းမဲ့တာပဲကွာ "

ရှောင်းကျန်က ခေါင်းခါ၍ ပြောသည်။

" ဟိုအရင်တစ်ချိန် သွမ့်ချင်ဂိုဏ်းမှာတုန်းကတော့ ကိုယ့်အ‌ပေါ် ဆက်ဆံတာ ဒီလိုပုံစံမျိုး မဟုတ်ခဲ့ဘူး "

မေငိုး! ! ! !

ရှန်ချန်းလင်ခေါင်းထဲတွင် လက်ကနဲ ဖြစ်သွားရတော့သည်။ နောက်ဆုံး‌တော့ မိမိမျက်စိရှေ့ကလူက မည်သူလဲ ဆိုတာ သူမှတ်မိသွားချေပြီ။

ရှောင်းကျန်.. ရှောင်းကျန်.. ဒါက ဟိုတစ်ခါတုန်းက ပေါင်တို့ပြောတဲ့ "အိမ်အထိလာပြီး လက်ထပ်ခွင့်တောင်းလို့ ဂိုဏ်းချုပ်က ဆူဆဲပြီးနှင်လွှတ်လိုက်တယ်" ဆိုတဲ့ ရှီးပေအရပ်ရဲ့ သွမ့်ချင်ဂိုဏ်းက ဒုတိယသခင်လေးမလား!

ငိုး... တကယ်ပဲ နောက်ထပ် အီစီကလီဇယားတစ်ခုကိုး!

" တစ်ချို့ကိစ္စတွေက လင်အာ အတိတ်မေ့နေတယ်ဆိုတိုင်း လျှောက်ပြီး ရွှီးနေလို့ မရဘူး "

ချင်ရှောက်ယွီက သူ့ကို အေးစက်စက် ကြည့်လိုက်သည်။

" သူနဲ့ ငါနဲ့က အစောကြီးကတည်းက လက်ထပ်ဖို့ ကတိရှိပြီးသား၊ မင်းစောစောစီးစီး စိတ်ဖြတ်လိုက်တာ အကောင်းဆုံးပဲ "

ပတ်ပတ်လည်ရှိလူများကတော့ စိတ်ဝင်စားတက်ကြွလျက်ရှိကြသည်။

ဒီလို အချစ်ပြိုင်ဘက်နဲ့တွေ့တဲ့ အခြေအနေမျိုးက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတယ်နော်!

" ငါက သူ့အတွက်နဲ့ ငါ့ရဲ့နဂိုမူလ ဇနီးကိုတောင် ကွာရှင်းပြတ်စဲခဲ့တာကွ... အခုမှလာပြီး ငါ့ကို စိတ်ဖြတ်လိုက်တော့? "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now