အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!

Start from the beginning
                                    

" ခဏလေးပဲ .. မအေးတော့ဘူးနော် "

ချင်ရှောက်ယွီက သူ့လက်ကို ဆုပ်ကိုင်ပြီး အတွင်းအားများ သွင်းပေးလိုက်သည်။ အနည်းနှင့်အများတော့ နာကျင်မှုများ သက်သာပြေပျောက်စေရန် ရည်ရွယ်မိ၏။

ခပ်နွေးနွေး အ‌ငွေ့အသက်လေးများက လက်ဖဝါးမှသည် တစ်ကိုယ်လုံးသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ ရှန်ချန်းလင်သည် အနည်းငယ် နေရသက်သာသွားသည့်နှယ် ခံစားလိုက်ရ၏။ ထို့ကြောင့် ကျေးဇူးတင်သည့်သဘောဖြင့် ထိုသူ့အား ကြည့်ကာ ပြုံးပြလိုက်မိသည်။

အားနည်းကာ ဖြူဆွတ်နေသော အလှလေးသည် ပြုံးလိုက်လျှင် မည်မျှတောင် လူကို ဖမ်းစားနိုင်လိမ့်မည်နည်း။ ဒါကို မသိများ မသိဘူးလား!

ထို့ကြောင့် ချင်‌ရှောက်ယွီက သူ့ကို တစ်ခါတည်း ပွေ့ဖက်လိုက်ပြီး အင်္ကျီကြိုးများကို စတင် ဖြုတ်လိုက်သည်။

ငိုး! !

ရှန်ချန်းလင်က တဒင်္ဂအတွင်း မျက်လုံးများ ပြူးထွက်သွားတော့သည်။

သူများ ဒုက္ခရောက်နေတုန်း အခွင့်အရေး မယူနဲ့လေ အရှုပ်ထုပ်ရဲ့!

ငါမှာ မင်းအပေါ် အကောင်းမြင်ခါစပဲ ရှိသေးတယ်လေ!

လာပွတ်သပ်ရဲလို့ကတော့ သေခန်းပြတ်ပဲ!

" ဘာတွေလျှောက်စဉ်းစားနေတာလဲကွာ "

ချင်ရှောက်ယွီမှာ မတတ်နိုင်စွာပင် သူ့ပါးလေးများကို ဆွဲညှစ်လိုက်သည်။

" မင်းကို အတွင်းအား များများ လွှဲပေးချင်လို့.. ဒီလိုဆို ပိုကောင်းတယ်လေ "

ရှန်ချန်းလင် - " ........ "

ဟုတ်ပါပြီ... မင်းပဲ သန့်ရှင်းစင်ကြယ်မြင့်မြတ်ဖြောင့်မှန်တယ်!

ငါက ညစ်ပတ်ယုတ်မာအောက်တန်းကျပြီးမဖြူစင်ဘူး။

ချင်ရှောက်ယွီက သူ့၏ ရင်ဘတ်တစ်ခြမ်းစာ အင်္ကျီများကို ဖယ်ရှားလိုက်ပြီး ရင်ဘတ်တည့်တည့်တွင် လက်ဖဝါးအပ်လျက် ညင်သာစွာ ဖိထားပေးသည်။

ရှန်ချန်းလင်က သူ့ရင်ခွင်ထဲ၌ မှီနေရင်း လိမ်လိမ်မာမာ မျက်လွှာချထားသည်။ တစ်ခါတစ်ရံတွင်တော့ မျက်မှောင်ကြုတ်တတ်သေးသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now