ဆယ်ဟွန်းဟာ ဆေးတက္ကသိုလ်မှာ
နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး
ကောင်မလေးတွေကြားမှာတော့ အတော်လေး
နာမည်ရသူဖြစ်သည် ။

မဲနက်နေတဲ့မျက်ခုံးထူထူတွေနဲ့
ဖြောင့်စင်းနေတဲ့ နှာတံတွေက
သူ့မျက်နှာကို ပိုပီး ပေါ်လွင်စေသည် ။
ဆံပင် အညိုရောင်ကို အပြောင်လှန်သိမ်းထားပုံက
အင်မတန်ကိုမှ ကြည့်လို့ကောင်းသည် ။

စာလဲတော်သည် ။ ရုပ်လဲချောသည် ။
အပြစ်ပြောစရာပင်မရှိအောင် ချောမောတဲ့
မျက်နှာလေးနဲ့မို့ ဆယ်ဟွန်း ခပ်တန်းတန်းနေတတ်တာ သိသော်လည်း
အချို့ ကောင်မလေးတွေကတော့
ရရင်ရသလိုကို  ကပ်ကြသည် ။

အတန်းချိန်ရှိသေးတဲ့ ဂျူဟွန်းကြောင့်
ချိန်းထားတဲ့နေရာမှာ ဆယ်ဟွန်း
ဖုန်းသုံးနေရင်းပင် ထိုင်စောင့်နေလိုက်သည် ။
လက်ကနာရီကို မြှောက်ကြည့်တော့ နေ့လည်၁၂နာရီ ။ နေမင်းက အလည်တည့်တည့်​ရောက်နေပေမဲ့
သစ်ပင်ကြီးတွေအောက် ဖြစ်တာကြောင့်
နေပြောက်လောက်သာ ထိုးသည် ။

"မင်း ပြောထားတဲ့အချိန်ထက် ၅မိနစ် နောက်ကျတာနဲ့ ငါမစောင့်တော့ဘူး "

၁မိနစ် ၂မိနစ်

ခဏအကြာမှာတော့ ဂျူဟွန်းအတန်းထဲက
ထွက်လာသည် ။
ပြုံး၍လျှောက်လာတဲ့ ဂျူဟွန်း ကို ဆယ်ဟွန်း မျက်ခုံးပင့်ပြကာ ပြန်ပြုံးပြလိုက်သည် ။

" အချိန်အတိအကျရောက်ရအောင်
မင်းရည်းစားလားကွ "

ဂျူဟွန်းက နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်ကို လက်ဖြင့်သပ်ကာ ပြောသည် ။

"ပြောစရာရှိလို့လား "

ဆယ်ဟွန်းဆီမှ ဘာစကားမှ
ပြန်မလာတာကြောင့် ဂျူဟွန်းထပ်မေးလိုက်သည် ။

"အင်း ရှိတယ် "

ဂျူဟွန်းက မျက်ခုံးကို ပင့်ပြကာ

" ထူးဆန်းတယ်လိုက်တာ "

မေးဆတ်၍ မေးလာတဲ့ ဂျူဟွန်းကို ဆယ်ဟွန်း
အသံထွက်အောင် ရယ်ပြလိုက်သည် ။
ထို့နောက် ခေါင်းတဆတ်ဆတ် ငြှိမ့်ကာ

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

 Will We Try To Be Together(U+Z)Where stories live. Discover now