အသားလွှာများနှင့် ပဲလွမ်းကြော်များကို ပြင်ဆင်ပြီးနောက် ကျန်းကျန့် ခရမ်းသီးတစ်ပန်းကန်ကို ငံပြာရည်ဖြင့်ကြော်ပြီးနောက် ကျောက်ကျင်းကောဆီသို့ ထမင်းနှင့်အသားနှပ်များယူကာ သွားခဲ့သည်။

ထိုစဥ်တုန်းက သူတို့အသုံးပြုခဲ့သည့် သင်္ဘောတွေက သေးသေးလေးမဟုတ်ပေမဲ့ မော်ဒန်ခေတ်က သင်္ဘောကြီးတွေနှင့် ယှဉ်၍မရသေးသည့်အတွက် လူတွေနေထိုင်နိုင်သည့်နေရာတွေက သေးငယ်၏။ကျန်းကျန့်၏လူများပဲဖြစ်စေ ကုန်သည်တွေပဲဖြစ်စေ၊ သူတို့အားလုံး တူညီသည့်အခန်းမှာ အိပ်ကြပေမဲ့ ကျန်းကျန့်နှင့် ကျောက်ကျင်းကောကမူ သီးခြားအခန်းတစ်ခု ရှိလေသည်။

အခန်းသည် လေးစတုရန်းမီတာခန့်သာရှိ၍ သေးငယ်သော်လည်း အနည်းဆုံး မည်သူမှ လာရောက်နှောင့်ယှက်ခြင်း မရှိပေ။ကျန်းကျန့် အခန်းထဲကို ဝင်လာသောအခါ ကျောက်ကျင်းကော ပေသီးတွေနှင့် ကစားနေသည်ကို တွေ့လိုက်ရ၏။

ဤပေသီးကို ကျန်းကျန့် ယူလာခဲ့ခြင်းဖြစ်သည်။ငယ်ငယ်က သင်္ချာအတန်းမှာ ပေသီးအကြောင်း အနည်းငယ်လေ့လာခဲ့၏။ သို့သော် ရိုးရိုးသားသားပြောရလျှင် အထက်ဖော်ပြပါ ငါးခုနှင့် အောက်ဖော်ပြပါတစ်ခုမှလွဲ၍ ကျန်အရာအားလုံးကို သူမေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူပြန်လေ့လာတော့မှာဖြစ်သည်။သို့ပေမဲ့ ကံမကောင်းစွာပဲ သူ့မှာ အချိန်မရှိသေးပါချေ။

"ကျန်းကျန့် ပြန်လာပြီလား"

ကျန်းကျန့်ကိုမြင်သောအခါ ကျောက်ကျင်းကောက ချက်ချင်းထရပ်လိုက်၏။

"အင်း ညစာ အဆင်သင့်ဖြစ်ပြီ"

ကျန်းကျန့်က သူ့ပန်းကန်ကို ချလိုက်ပြီး "မနက်ဖြန် ကိုယ်တို့ ဖုချောင်နားမှာ တစ်ရက်လောက် ရပ်လိုက်မယ်...ကမ်းပေါ်တက်ချင်လား"

"ခင်ဗျားသွားမှာလား"

ကျောက်ကျင်းကောက မေးသည်။

“ကိုယ်က နည်းနည်း အလုပ်ရှုပ်နေမှာ"

ကျန်းကျန့်ကပြောလိုက်သည်။မည်သို့ပင်ဖြစ်စေ ဤသည်က  ပထမဆုံး ခရီးဖြစ်သည်။ သူသည် အရာအားလုံးကို စောင့်ကြည့်နေခဲ့ရပြီး ကျောက်ကျင်းကောနှင့်အတူ လမ်းလျှောက်လိုက်ရန် အချိန်မရှိပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now