အခန်း (၁၁၇) အမွေးလုံးလေးဟာဘာမျှကိုမသိနားမလည်ရှာ!

Depuis le début
                                    

ကြည့်ရတာ အရမ်းချစ်ပုံပင်!

ယဲ့ကျင်က ဇာမဏီလေးကို သူ့လက်ထဲကနေ လက်ဆင့်ကမ်းယူလိုက်ပြီး ထိုင်ခုံတွေ ထိုင်သည်။

"ဘာလို့ နည်းနည်းလောက် ထပ်မနားတာလဲ"

ရှန်ချန်းဖုန်းက လက်ဖက်ရည်ငှဲ့ပေးပြီး ပြောလိုက်သည်။

"အိပ်တာ နှစ်နာရီတောင် မရှိသေးဘူး"

"အခု အိပ်ရင် ညကျရင်လည်း အိပ်မပျော်ဘဲ နေလိမ့်မယ်"

ယဲ့ကျင်က ဇာမဏီငယ်လေးကို စားပွဲပေါ် တင်၍ -

"ရှောက်ယွီ ဘယ်လိုနေလဲ"

"သူ ဘာမှမဖြစ်ဘူး။ လင်အာက သူ့အတွက် ဟင်းရည်ပေါင်းနေတယ်"

ရှန်ချန်းဖုန်းက ပြောသည်။

"မင်း ညစာ ဘာစားချင်လဲ"

"ငါ တောင်အောက်ဆင်းပြီး ဆေးမြက်ဆေးရွက်တွေ ဝယ်ရဦးမှာ၊ လမ်းကြုံတာ စားလိုက်မယ်"

ယဲ့ကျင်က ဆို၏။

"ပြီးတော့ ကလေးအတွက် အဝတ်အစားတွေ ဝယ်ပေးရဦးမှာ"

"အဲ့တာဆို ကိုကြီးလည်း တောင်အောက်ဆင်း!"

ရှန်ချန်းလင် ကြားသော် မီးဖိုချောင်ထဲကနေ ခေါင်းကလေးပြူထွက်လျက် ပြောလိုက်သည်။ အလွန်လေးနက်သော အကြည့်ဖြင့် သူ့ကိုကြီးကို ကြည့်ကာ -

"ကျွန်တော့်အတွက် ကွေ့ဟွားမုန့်ရော ဝယ်ခဲ့နော်"

ရှန်ချန်းဖုန်း - ..........

"မလိုပါဘူး"

သူ စကားမဆိုတာ မြင်သော် ယဲ့ကျင်က လက်ဖက်ရည်ခွက်ကို ပြန်ချပြီး -

"ငါပဲ မင်းအတွက် ဝယ်လာ‌ပေးပါ့မယ်"

"အဲ့လို့မရပါဘူး"

ရှန်ရှောင်ရှို့က ငြင်းဆန်လိုက်သည်။

"တောင်အောက်မှာ အဲ့လောက်ရှုပ်ထွေးနေကြတုန်းပဲကို၊ မတော်တဆ မိစ္ဆာဂိုဏ်းက အကြွင်းအကျန်တွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

အန္တရာယ်များလိုက်တာမှနော်!

"ငါ မင်းနဲ့အတူ တောင်အောက်လိုက်ဆင်းမယ်"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Où les histoires vivent. Découvrez maintenant