Description

1.2K 70 2
                                    

ထိပ်တန်းလူသတ်သမား လီယောင်သည် အငြိမ်းစားယူပြီးနောက် အတိတ်သို့ ပြန်ရောက်လာပြီး လယ်သမားတစ်ဦး ဖြစ်လာသည်။  အငြိမ်းစားယူထားတဲ့ လုပ်ကြံသတ်ဖြတ်သူ လီယောင်သည် တစ်နေ့မှာ သူ့ကိုယ်သူ ရှေးခေတ်သို့ ကူးပြောင်းပြီး နိုးထလာခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ကျော်ကြားတဲ့  အလွန်အင်မတန် အပေါက်ဆိုးသော အမျိုးသမီးတယောက် ဖြစ်လာတာကို တွေ့ခဲ့ရသည်။

သူမရဲ့တင်ပါးများပေါ်မှာ လက်နှစ်ဖက်တင်ထားရင်းဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ငိုကြွေးနေခဲ့သည်။  ရွာသူရွာသားတွေက သူမကို တစ္ဆေသရဲများရဲ့ ပြသနာလို့ ခေါ်ကြပြီး ခွေးတွေတောင် သူမကိုမြင်ရင် လန့်ဖြန့်ပြီး လှည့်ပတ်ရှောင်ကွင်းနေကြသည်။

သူမတွင် ကလေးလေးယောက်ရှိပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားကာ ဆိုးရွားသောနှစ်ဖြစ်သဖြင့် ၎င်းတို့အား ပိုင်ဆိုင်မှုကြွယ်၀မှု လုံး၀မရှိပဲ  ဆင်းဆင်းရဲရဲ ချန်ထားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မြစ်ပင်လယ်အော်ကျေးရွာသည် တောတောင်ကြီးရဲ့ တဖက်မှာ တောကြက်တွေ၊ တောဝက်တွေ၊ တောခွေးတွေ၊ ကျားတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ပြောင်းဖူးတွေ၊ ကန်စွန်းဥတွေ၊ အာလူးတွေနှင့်အတူ အရာအားလုံးရှိနေသလို ထင်ရလောက်အောင်ဖြင့် လုံခြုံစွာနှင့် တည်ရှိနေပါသည်။

စားဖို့ သောက်ဖို့အတွက် ရေကိုကော တောင်ကိုပါ မှီတင်းနေထိုင်ကြသည်။

ထိုခေတ်ကို ကျော်လွန်သော သူမ၏ကျွမ်းကျင်မှုဖြင့်  လီယောင်သည် မြစ်ပင်လယ်အော်ကျေးရွာတွင် မြန်ဆန်စွာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

သူမရဲ့ မူလဆန္ဒအတိုင်း အနားယူပြီး ကျန်ရှိနေသော သူမရဲ့ ဘ၀ကို  ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါသည်။

သို့သော်ငြားလည်း  မုဆိုးမတစ်ယောက်အနေနဲ့ သူ့အိမ်တံခါး၀မှာ ကိစ္စအရပ်ရပ်တွေ များစွာ ရှိနေခဲ့ပါတယ်။

သူမ၏ အပျိုဘ၀က မိသားစုတွေက သူမရဲ့ စည်းစိမ်ဥစ္စာကို အငမ်းမရဖြစ်နေကြသည်။  ဒေသခံ လူရမ်းကားတွေက သူမရဲ့ အလှကို မက်မောနေကြပြီး  တရားသူကြီးက သူမရဲ့ အရည်အချင်းတွေကို သဘောကျနှစ်သက်နေခဲ့သည်။  စီရင်စုကတော့ သူ၏နိုင်ငံရေးအောင်မြင်မှုများကို တည်ဆောက်ရန်အတွက် သူမကို အားကိုးလိုပြီး ပညာရှင်က သူမ၏ စာပေစွမ်းရည်ကို သဘောကျနှစ်ခြိုက်ခဲ့သည်။ တရားဝန်ကြီးချုပ် အဓိပတိကတော့  သူ့မရဲ့ ကျယ်ပြောလှတဲ့ အသိပညာကို လေးစားနေခဲ့သည်။

ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်Dove le storie prendono vita. Scoprilo ora