"စိတ်ချပါ ငါကလေးမဟုတ်ပါဘူးနော်"

"ကျွန်တော့်ကလေးလေးပဲလေ"

"သွားစမ်းပါ"

ဂျီမင့်ကိုနှုတ်ဆက်ပြီး ဟန်မြစ်ကမ်းနံဘေးသို့ထွက်လာလိုက်တော့ သစ်ပင်အောက်ခုံတန်းမှာထိုင်ငိုနေတဲ့ဟိုကောင့်ရည်းစား။

ယွန်ဂီလည်း ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး လျှောက်သွားကာဘေးနားတွင်ဝင်ထိုင်နေလိုက်သည်။

"မင်းတို့ကိုမြင်ရတာ စိတ်ရှုပ်လိုက်တာ"

"မင်...မင်ယွန်ဂီ"

"ခုလိုပြန်တွေ့ရတာဝမ်းသာပေမဲ့ မငိုပဲနေပေးပါလား ကျွန်တော်နားငြီးလို့"

သူ့သူငယ်ချင်းလို့ကိုမပြောရဘူး လေသံကတစ်ပုံစံတည်းပင်။

 ထယ်ယောင်းအောက်နှုတ်ခမ်းကိုဖိကိုက်ပြီးအသံမထွက်အောင်ထိန်းထားလိုက်သည်။

"ဂျွန်ဂျောင်ကု

သူမင်းကိုချစ်ပါတယ် သူ့အကြောင်းနဲ့သူရှိတာမို့ခဏလောက်နားလည်ပေးလိုက်ရင်ကောင်းမယ်။

ကျွန်တော့်သူငယ်ချင်းမို့လို့သူ့အတွက်ကျွန်တော်တွေးပေးနေတာလို့တွေးနေရင်တော့ အမ်း...မှန်ပါတယ်

ရော့.. မင်းအတွက်"

မင်ယွန်ဂီက သူ့အတွက် သကြားလုံးတစ်ဆုပ်ထုတ်ပေးလာကာ ပြုံးပြနေသည်။

"ဒါက ကျွန်တော့်သူငယ်ချင်းကိုယုံဖို့လာဘ်ထိုးတဲ့သဘောပါ။

လက်ခံပေးပါ ဂျွန်ထယ်ယောင်း...။

(ဒန် ဒန့် ဒန် တစ်နှစ်ကြာမှဆက်ရေတဲ့ခံစားချက်ကြီးကတစ်မျိုးပဲ ခေါင်းထဲကတော်တော်ညစ်ထုတ်နေရတယ်😆)

<Zawgyi>
ညီဖြစ်သူဆေးရုံတင်ထားရသည်ဆိုသည့်အကြည့်ကြောင့် ဘိုဂမ်တစ်ယောက်ပြာယာခပ်နေသည်။

 သွေးသားချင်းမတော်စပ်သော်ငှား ထယ့်ကို သူတို့တစ်မိသားစုတစ်စုလုံးက မထိရက်မကိုင်ရက် ဖူးဖူးမှုတ်ထားသည်မှာ လူတိုင်းအားကျရလောက်တဲ့အထိပင်။

"ဆရာ ယောင်းငယ်ဘယ်လိုနေသေးလည်"

"ခဏနေရင်နိုးလာမှာပါ သူ့အနေနဲ့pressureတွေတအားများပြီး လူကလည်းအားနည်းနေတာကြောင့် ခုလိုဖြစ်သွားတာပါ စိုးရိမ်စရာတော့သိပ်မရှိပါဘူး"

Loading.. [COMPLETE]Where stories live. Discover now