"အရင်ချိန်တွေပြန်သွားချင်လိုက်တာ..."

ဟန်မြစ်ကမ်းနံဘေးတွင် စက်ဘီးပတ်စီးနေသောဆယ်ကျော်သက်များနှင့် လမ်းလျှောက်နေသည့် စုံတွဲများ။

သာယာလိုက်တာ..။

ကိုယ့်အပိုင်ဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်ကို ပြန်ပြီးငေးနေရတာလောက်ရင်နာဖို့ကောင်းတာရှိမယ်မထင်ဘူး။ 

"မင်းကအဲ့မိန်းမထက်အရင်ငါ့ကိုချစ်ခဲ့တာပါမောင်ရာ အဲ့မိန်းမက ဒုတိယပဲဖြစ်ရမှာ"

ကျဆင်းလာသောမျက်ရည်များအား လျစ်လျူရှုပြီး မျက်နှာအားလက်ဝါးဖြင့်အုပ်ကာ အားပါးတရ ရှိုက်ငိုလိုက်သည်။ 

ဒီနေ့မောင့်အတွက်ငိုတာနောက်ဆုံးဖြစ်ဖို့ပဲမျှော်လင့်သည်။

.......... .............

"အဲ့မိန်းမရဲ့အသက်ကိုငါလိုချင်တယ်

ငါ့မိန်းမနဲ့ မမွေးသေးတဲ့ငါ့ကလေးအတွက်ယစ်ပူဇော်ပစ်မယ် ။

ဂျွန်ဂျောင်ကုလက်ထပ်ထားတဲ့မိန်းမကို ရတဲ့နည်းနဲ့ရအောင်ခေါ်လာခဲ့"

ဂျော်နီ၏ဩရှရှအသံက private roomထဲတွင် ရှင်းရှင်းလင်းလင်းကြားနေရသည်။ 

အတိတ်မှာပဲပိတ်မိနေတဲ့လူက ဘယ်သောအချိန်မှရုန်းထွက်နိုင်မည်မဟုတ်ပေ။

တင်း!

ဖုန်းထဲတွင် ဝင်လာသောmessageကိုကြည့်ပြီးဂျောင်ကုနှုတ်ခမ်းများကွေးတက်သွားသည်အထိပြုံးလိုက်သည်။

ဂျော်နီက သူဆင်ထားတဲ့အကွက်ထဲကိုရှောရှောရှူရှူဝင်လာသည်။ ဟန်နီ၏Locationက ဟန်မြစ်ကမ်းနံဘေးကိုညွှန်ပြနေသည်။

' ဟန်မြစ်ကမ်းဘေးက ငါ့ဟန်နီကိုသွားစောင့်ကြည့်ထားပေးယွန်ဂီ'

ဖုန်းဆက်ပြောချင်ရာပြောပြီးဖုန်းချသွားသော သကောင့်သားကို လှမ်းဆဲချင်တာတောင် ဘေးနားမှာ ချစ်သူလေးရှိနေတာကြောင့် ယောက်ဖကြီးကိုဆဲချင်သမျှမြိုသိပ်လိုက်ရသည်။

"ညနေDutyချိန်ပြီးရင်ဖုန်းဆက် ကျွန်တော်လာခေါ်မယ် အခုဝယ်လာတာတွေလည်းကုန်အောင်စားဦးအစာမခံနဲ့ စကားနားထောင်"

Loading.. [COMPLETE]Where stories live. Discover now