သက်ဆိုင်သူရှိပြီးသားလူတစ်ယောက်ကို လိုက်နှောင့်ယှက်ဖို့အထိ သူအောက်တန်းမကျပေမဲ့ သူ့အနေနဲ့ တိုးတိုးတိတ်တိတ်တော့ချစ်ခွင့်ရှိသည်မလား။

ဝမ်းနည်းလို့ဝဲတက်လာသောမျက်ရည်များအား လက်ဖမိုးဖြင့်ဖိပွတ်ရင်း အတင်းအိပ်ပျော်အောင်ကြိုးစားနေလိုက်သည်။

သူ့နှလုံးသားက ပင်ပန်းနေလို့ထင်ပါရဲ့။ သူခဏအတွင်းအိပ်ပျော်သွားသည်။

"အလုပ်ထွက်စာ"

စားပွဲပေါ်တွင်တင်ထားသော စာအိတ်ကိုဖောက်ကြည့်လိုက်တော့ ဟန်နီက အလုပ်ထွက်စာတင်ထားတာပဲ။

အတွင်းရေးမှူးဖြင့် အခေါ်လွှတ်လိုက်ပြီး ခဏနေတော့ ဟန်နီက သူ့ထံသို့မျက်နှာသေဖြင့်ရောက်လာသည်။

နှုတ်ခမ်းထောင့်တွင် ကွဲရာသေးသေးလေးကိုမြင်တော့ သူ့ရင်ထဲဆစ်ကနဲ။ 

မျက်နှာတွေချောင်ကျသွားသော ချစ်ရသူက သူ့မျက်နှာကိုတစ်ချက်ပင်မော့ကြည့်မလာပါ။

"အလုပ်ထွက်စာတင်ရဲတဲ့သတ္တိကိုချီးကျူးတယ်"

နှုတ်ဆက်နေသည့်သူကတော့ခေါင်းပင်မော့မလာပါ။

"စာချုပ်ကိစ္စကိုမေ့သွားတာလာ ရှေ့နေကင်မ် ခင်ဗျားမှာရွေးစရာမရှိဘူး ကျုပ်က နေဆိုခင်ဗျားနေရမယ်"

အကြင်သူကဘာတစ်ခွန်းမှမပြောပဲနှုတ်ခမ်းအားဖိကိုက်လိုက်တော့ ဂျောင်ကုလက်သီးဆုပ်လိုက်မိသည်။ နှုတ်ခမ်းသားတွေပဲ့ကုန်မှဖြင့်ကွား။

"ကင်မ်ထယ်ယောင်း ခေါင်းမာမနေနဲ့ မင်းမေ့နေမှာဆိုးလို့ခေါ်ပြီးတကူးတကသတိပေးတာ သွားလို့ရပြီ"

ထယ်ယောင်းနှုတ်ဆိတ်ပြီး မွန်းကြပ်စရာကောင်းလွန်းသည့်CEO ရုံးခန်းထဲမှထွက်လာခဲ့လိုက်သည်။

သွားထိုင်နေကျမြစ်ကမ်းနံဘေးကိုရောက်တော့ မျက်ရည်များကအလိုလိုစီးကျလာသည်။

 မိုးသဲတဲ့နေ့။ 

သူ့ဘေးမှာထိုင်ပြီး ဘီယာသောက်နေတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။

 တစ်နည်းအားဖြင့် စည်းကမ်းဖောက်ရတာကိုကြိုက်တဲ့နတ်ဆိုးကောင်။

Loading.. [COMPLETE]Where stories live. Discover now