part - 3 (UN+ZG)

573 37 0
                                    

အပိုင်း - ( 3 )
-----------------

" အို လာတွေ့ပြန်ပြီ ။"

အစကလည်း အိမ်ပြင်သို့ထွက်လျင်တိုက်ဆိုင်မှုရှိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်တွေ့တတ်ကြပေမယ့် ဒီနေ့တော့ဖြင့် မတူစွာ ခံစားချက်တစ်မျိုးရှိနေသည်။ သူ့အိမ်နဲ့သွေးတို့နေအိမ်က မျက်နှာခြင်းဆိုင်ရှိတာကြောင့် ဒီလိုမျိုးတွေ့တတ်ကြတဲ့အခါမျိုးမှာဆိုလျင် သူ့ဆီကနေ အပြုံးချိုချိုလေးတွေရတတ်စမြဲဖြစ်ပြီး သွေးကတော့ မကြည်ရင်မကြည်သလို ဘုကြည့်ပဲပြန်ပေးတတ်သည်။ ဒီနေ့တော့ သူ့ဆီက အပြုံးပန်းလေးမရခင် သွေးကအရင် မျက်နှာလွှဲကာကျောခိုင်းမိ၏။ နွေရာသီဖြစ်သည်ကြောင့် လမ်းဘေးသွယ်သွယ်နေရာတို့တွင် သစ်ရွက်ခြောက်များဟာ ရှိတတ်စ စမြဲပင်ဖြစ်၏။ သစ်ပင်များ၏ အရိပ်အာဝါဒတို့ကြောင့် မနက်ခင်းစတည်းက အငြိုးကြီးစွာ ပူပြင်းနေတဲ့ နေမင်းရဲ့အရှိန်အငွေ့အသက်တို့ကိုမခံစားရမိ။ ထိုအစား လေပြည်အေးဟာ အားလုံးကိုခြုံငုံပြီး ​ ကြမ်းသည့်တစ်ခါ ငြင်သာသည့်တစ်ခါ အစဥ်တိုက်စားနေသည်ကြောင့် ပုခုံးထက်ကို ဖြန့်ချထားတဲ့သွေးရဲ့ ဆံနွယ်တွေဟာ လေရူးရဲ့ စေစားချက်အတိုင်း တလွင့်လွင့်ဖြင့် လှုပ်ရှားသက်ဝင်လို့နေတယ်။ ဒီနေ့သွေးရဲ့ ပြင်ဆင်မှုဟာ ရိုးစင်းပြီး သဘာဝအတိုင်းလေး လှပလို့နေတယ်။ ရင့်ကျက်သူ vibesလေး ရချင်သည်ကြောင့် ပါဝါမထည့်ထားသည့် ရွှေရောင်ကိုင်းလေးနဲ့ အဝိုင်းပုံစံမျက်မှန်လေးကို တပ်ဆင်ထား၏။ ပြီးနောက် မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါး ကို သွေးပြီး ကြည်လင်ဖွေးဥ၍ သွေးကြောမျှင်လေးတွေ စိမ်းလဲ့ယှက်နွယ်နေတဲ့ ပါးလေးနှစ်ဖက်၌ သေသေချာချာလေး လှပစွာလိမ်းကျံထား၏။
ပိတောက်ခြောက်ရောင် ခါးတို လက်ပျက်ပုံစံ ဒီဇိုင်းထွင်ထားတဲ့ မြန်မာဝတ်ဆုံကို ​မလိုတဲ့အဆီပိုများမရှိပဲ ကောက်ကြောင်းလှကာ သွယ်လျသည့်ခန္ဓာကိုယ်လေးတွင်ချပ်ရပ်စွာ ဝတ်ဆင်ထားသည်။ ဒီနေ့တော့ ကလေးဆိုးလေးဟာ လူတကာရှေ့ လူကြီးဆိုဒ်လေးဖမ်းအုန်းမည်။

"ချာတိတ် ။"

လမ်းလျှောက်လာ၍ တဘီအနားရှိုတ်သံ တဖျပ်ဖျပ်ကို ခပ်တိုးတိုးလေးကြားရ၏။ သူ သွေးအနားကိုလျှောက်လာတာလား ။ ဘာလုပ်ဖို့လည်း မနေ့က အကြောင်းပြောမလို့လား ။ သူတော်တော် မျက်နှာပြောင်တိုက်တဲ့ လူကြီးပဲ ။ သွေးအတွေးတို့နှင့်အတူ သူ့ရှေ့ကို လှည့်လိုက်တဲ့အခါမှာ မထင်ထားသည့်အကြောင်းက ဖြစ်ပေါ်လို့လာသည်။ နဂို သာမာန်ထက် ပိုသာစွာခုန်ပေါက်နေတဲ့ သွေး၏နှလုံးသားဟာ သူ့ရဲ့အထိအတွေ့မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားအင်တို့ကို အလုံးစုံ ခိုးယူလိုက်သလို သူ့တစ်နေရာတည်း တုန်ခါလှုပ်ရှားမှုက သွေး၏ စိတ် နာမ် တို့အား လွှမ်းမိုးပြန့်ကျန့်
သွားတော့သည်။

အမွှေစိန်လေးရဲ့ အထိန်းတော်Where stories live. Discover now