''အခုကသန္ဓေအောင်လားမအောင်လားစောင့်ကြည့်ဖို့ဘဲကျန်တော့တာပါ....''

''ကျေးဇူးတင်ပါတယ်ဒေါက်တာ......''

''မိခင်လောင်းကိုသာသေချာဂရုစိုက်ပေးပါ....ကိုယ်ဝန်လက္ခဏာကတော့နှစ်ပတ်အတွင်းပြလာပါလိမ့်မယ်''

''ဟုတ်ကဲ့...သေချာဂရုစိုက်ပေးပါ့မယ်''

လိုတရကစွဲနဲ့ဘန်ကောက်မှာလည်ချင်သော်လည်းမိုဘီဆီကအရေးကြီးဖုန်းဝင်လာတာကြောင့်မလည်လိုက်ရဘဲမြန်မာပြည်ကိုပြန်ခဲ့ရသည်...

.....................................................

''ဘာပြောတယ်.... ဖေဖေဆုံးပြီ....ဟုတ်လား ''

အိမ်ရောက်ရောက်ချင်းကြားလိုက်ရတဲ့စကားဟာစွဲကမ္ဘာကိုပြိုစေခဲ့သည်.....

''မိန်းမ...စိတ်ထိန်းနော်........မောင်ရှိတယ်....''

လိုတရကစွဲကိုနှစ်သိမ့်၏....

''ဖေဖေ့ဆီသွားချင်တယ်မောင်''

''အင်း...သွားရမှာပေါ့.........မိုဘီလိုက်ပို့ပေးလိုက်''

စွဲမှာဖေဖေ့အိမ်ရောက်တာနဲ့ဘာမှမလုပ်နိုင်ဘဲအခေါင်းပြင်ထားတဲ့နေရာသို့သာဉီးတည်သွားကာဖေဖေ့အခေါင်းဘေးဒူးထောက်ကာငိုချမိတော့သည်

''စွဲမက်မောခင်.....နင်ဒီကိုဘာလာလုပ်တာလဲ''

''ကိုကြီး.....''

''နင်ဘယ်လိုမျက်နှာနဲ့အဖေ့ဆီလာတာလဲ''

''ကိုကြီးဘာတွေပြောနေတာလဲ...''

''အဖေဆုံးရတာဘယ်သူ့ကြောင့်လဲနင်သိလား...''

''........''

''နင်ယူထားတဲ့ဟိုကောင်မကြောင့်......''

''ဟင်အင်း...မဟုတ်ဘူး..... မောင်ကစွဲနဲ့ဘန်ကောက်မှာရှိနေခဲ့တာ''

''သူကိုယ်တိုင်တော့လက်ကိုသွေးစွန်းဘယ်ခံမလဲ....''

''ကိုကြီး......''

''အဖေ့ကိုသူ့တပည့်တွေသတ်သွားတာ......''

''ဘာ.....''

ဆက်ပြီးရပ်နေဖို့စွဲရဲ့ခြေထောက်တွေမှာခွန်အားတွေမရှိတော့ပါ..........

မောင်ကအဲ့သလောက်ထိတော့မရက်စက်နိုင်လောက်ပါဘူး.....

''နင့်မှာအဖေ့အပေါ်အားနာစိတ်လေးကျန်သေးတယ်ဆိုရင်နင်ဘာဆက်လုပ်ရမလဲနင့်ဘာသာတွေးလိုက်တော့''.

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Место, где живут истории. Откройте их для себя