(Member တွေဒုက္ခကလဲမသေးဘူး)

ရူတို ကိုကို့ကိုဆေးခန်းခေါ်သွားပြီး သေချာစစ်ဆေးတော့အားနည်းနေတာဆိုမှစိတ်ချရတော့တယ် အိမ်ပြန်ရောက်တော့လဲ သူ့အခန်းကိုမပြန်တော့ပဲ ကိုကို့ရဲ့Dorm မှာပဲနေပြီးကိုကို့အတွက်စားဖို့တစ်ခုခုလုပ်ပေးပြီးသေချာကျွေးဆေးတိုက်ပြီးတော့မှ
ယိုရှီ: ရူရူပြန်တော့လေ dorm ကို ကိုကိုတကယ်အဆင်ပြေတယ် ပြီးတော့
ယိုရှီစကားတောင်ပြီးအောင်မပြောလိုက်ရသေးခင် ရူတိုကရုတ်တရက်ကြီးသူ့ကိုလာဖက်တော့ရင်တွေမတရားခုန်လာပြီး ခေါင်းမူးတာပါအငွေ့ပျံပြီး
ပျောက်သွားသလိုပဲ
ရူတို: ကိုကို နေမကောင်းမဖြစ်ပါနဲ့နော်
ကျွန်တော့်ကိုတကယ်အရမ်းစိတ်ပူရအောင်
မလုပ်ပါနဲ့လား ကိုကိုတစ်ခုခုဖြစ်ရင်ကျွန်တော်
တကယ်ဘာလုပ်ရမှန်းမသိပဲရူးမှာလို့ပြောပြီးအသံပျောက်သွားတဲ့ကလေးလေးကိုယိုရှီလဲပခုံးလေးကိုဖွဖွလေးပုတ်ရင်း ကိုကိုတောင်းပန်ပါတယ်နော် ကလေးလေးစိတ်ပူရအောင်လုပ်မိတဲ့အတွက်
နောက်ဆိုနေကောင်းအောင်နေမယ်နော် ကလေးလေးလဲနေကောင်းအောင်နေရမယ်နော်လို့ပြောပြီး
ပိုတိုးဖက်မိတော့ ရူတိုကချက်ချင်းသူ့ကိုကုတင် ပေါ်ဆွဲလှဲလိုက်တာ သူ့အပေါ်မှာရူတိုက ယိုရှီလဲကြောင်ကြည့်နေတော့
ရူတို: ဘယ်သူ့ကို ကလေးလေးလဲ? ကျွန်တော်ကလေးမဟုတ်တာကိုသက်သေပြရမလားကိုကို

ယိုရှီ: ရူ...ရူရူ ကိုကိုနေမကောင်းဘူးနော်ဘာတွေပြောနေတာလဲဆိုပြီးမျက်နှာလေးတခုလုံးနီရဲနေတော့

ရူတို:အယ် ကိုကိုဘာတွေတွေးနေတာလဲ🙄
ကျွန်တော်က ကျွန်တော်မှာအားဘယ်လောက်ရှိကြောင်း ဒိုက်ထိုးရင်သက်သေပြရမလားမေးမလို့လေ

ယိုရှီ: အားဒီကလေးစုတ် အကြီးကိုလာစနေတယ်

ရူတို: ㅋㅋㅋㅋㅋㅋ ကိုကိုကဘာတွေတွေ့နေတာလဲ

ယိုရှီ: အားးရူတိုဖယ်တော့ကွာလို့တွန်းထုတ်ပြီးကျောပေးလိုက်တော့
ရူတိုကသူ့ဘက်ကိုပြန်လှည့်စေပြီးရင်ခွင်ထဲဆွဲထည့်ရင်း

ရူတို: ကိုကို ကျွန်တော်တို့official တွဲရအောင်
တခြားလူတွေကိုမပြောပြရင်တောင် member တွေကိုတော့ပြောပြသင့်တယ် တခြားလူတွေကိုတော့
ကိုကိုပြောချင်တဲ့အချိန်ကျမှပြောပြရအောင်လေ

ယိုရှီ: -

ရူတိုကိုကိုခေါင်းလေးကိုဖွနေရင်းနဲ့ကိုကိုကြောက်နေတာလား

ယိုရှီ:omm ဟုတ်တယ် ဖြစ်လာမှာတွေကိုရင်မဆိုင်ရဲသေးဘူး လက်မခံပေးကြရင်ဘယ်လိုလုပ်မလဲဟင်

ရူတို: ကိုကိုကကျွန်တော်ကိုရောmember တွေကိုရောမယုံကြည်တာလား လက်မခံပေးနိုင်မဲ့လူတစ်ယောက်မှရှိမှာမဟုတ်ဘူး သူတို့တောင်အံ့ဩပြီးပျော်သွားကြဦးမှာ ပြီးတော့ကျွနိတော်ကလဲဘာတွေပဲဖြစ်လာဖြစ်လာ ကိုကို့ကိုအဆုံးရှုံမခံနိုင်တာမို့ ပြသာနာတွေကို
ရင်ဆိုင်သွားမှာ ကိုကိုကသာကျွန်တော်ဘေးမှာရှိနေရင် အကုန်လုံးကိုရင်ဆိုင်ရဲတယ်
လို့ပြောပြီးနှဖူးလေးကိုငုံနမ်းတော့မြတ်နိုးရသူက
မျက်ရည်တွေဝဲပြီးကြည့်လာရင်း
ယိုရှီ: ကိုကို ရူရူကိုယုံတယ် ဖွင့်ပြောကြရအောင်လေ

 Our long-standing relationship🦋🐯Where stories live. Discover now