''နင်ကဘယ်သူလဲ''

''ကျွန်တော်ကဒီဟိုတယ်ပိုင်ရှင်ပါ''

''ဪ ကောင်းသားပဲ ဒီမှာ နင်တို့ဘယ်လိုဝန်ထမ်းတွေကိုခန့်ထားတာလဲ ပစ္စည်းခိုးတဲ့အပြင်စကားပြောတာကလည်းအဆင့်မရှိကြဘူး နင်တို့ဟိုတယ်ကိုbad reviewရေးပစ်မယ်ကြည့်ထား''

''ခင်ဗျားလက်စွပ်ကဒီမှာကျန်ခဲ့တာသေချာလို့လား''

''ငါသေချာရှာကြည့်ပြီးပြီ လုံးဝမတွေ့ဘူး''

ထိုစဥ်အမျိုးသားတစ်ယောက်ကထိုနေရာသို့အမောတကောရောက်လာပြီးထိုအမျိုးသမီးအားဘာတွေကပ်ပြောလိုက်လဲမသိ။
ထိုအမျိုးသမီးကမျက်စိပျက်မျက်နှာပျက်ဖြင့်

''ကဲ ခုကိစ္စကဘယ်လိုလုပ်မှာလဲ ငါ့ကိုပြန်လျော်ပေးနော် မဟုတ်လို့ကနင်တို့ဟိုတယ်ကိုနာမည်ဖျက်ပစ်မယ်''

ကုဋေကဟက်ခနဲပြုံးလိုက်ပြီး

''ခင်ဗျားထက်အရင်ကျွန်တော်တို့ကတရားစွဲမှာနော် လိမ်လည်မှုနဲ့အသရေဖျက်မှုအတွက်''

''ဘာ ဘာကိုလဲ ငါတို့ကဘာလိမ်နေလို့လဲ''

''လက်စွပ်ပြန်တွေ့ပြီဆိုတာကျုပ်သိတယ်နော် ခင်ဗျားကမထူးဇာတ်ခင်း ကိုယ့်အမှားကိုဖုံးပြီးချော်လဲရောထိုင်လုပ်ချင်နေတာလား''

ထိုမိန်းမကမျက်လုံးကိုဟိုဟိုဒီဒီကစားရင်းဖြင့်

''မင်း...မင်းဘာတွေလာပြောနေတာလဲ ငါ့ကိုလာမစွပ်စွဲနဲ့''

''အဟင်း ဂျာကြီး ရဲစခန်းကိုဖုန်းဆက်လိုက်တော့''

ထိုစကားကြားမှထိုမိန်းမကပြာပြာသလဲနှင့်

''အဲ ရပ်လိုက်နော် အေး ဟုတ်တယ် ငါ့လက်စွပ်ပြန်တွေ့ပြီ ရပြီလား လာသွားမယ်ယောကျ်ား''

''ရပ်လိုက်''

ကုဋေ့ရုပ်ကအတော်လေးသွေးအေးနေတာကြောင့်အရိပ်ပါကြည့်ရင်းလန့်လာရသလိုပင်။

''ကျုပ်ဝန်ထမ်းကိုတောင်းပန်သွား''

''ဘာ ငါကဘာကိစ္စတောင်းပန်ရမှာလဲ ဒီလိုအဆင့်နိမ့်ကိုများ''

ကုဋေကအင်္ကျီလက်ကကြယ်သီးတွေကိုဖြုတ်ကာအပေါ်ကိုခေါက်တင်ပြီးမှ

ချစ်တယ်ဆိုတာထက်ပို(completed)Unde poveștirile trăiesc. Descoperă acum