ညက ချစ်စခန်းဝင်ခြင်းရဲ့အကျိုးဆက်ကတော့ ဖျားသွားခြင်းပင်။
မင်းမောင်ရော ကျနော်ပါ မောပြီးအိပ်ပျော်သွားကြတာမို့ မနက်အိပ်ရာနိုးလာတော့ ကျနော်အပူတွေတက်ပြီးအသံပါမထွက်နိုင်တော့။
မေမေကတော့ ကျနော်စာမေးပွဲတွင်းပင်ပန်းတဲ့ဒဏ်တွေကြောင့်ဖျားသွားတာလို့ ထင်နေပြီး ပျာယာတွေခတ်နေလေရဲ့။
"ဒီကလေးက ဒီလိုပဲ နည်းနည်းလေးပင်ပန်းတာနဲ့ဖျားတော့တာ။ သားသားရေ ခဏလေးထဦး။ မေမေဆရာဝန်ခေါ်ထားတာမို့ ရေပတ်အရင်တိုက်ပြီး အင်္ကျီလဲရအောင်နော်"
ကျနော့်ကို မင်းမောင်ကပွေ့ထူပေးပြီး ချွေးစိုနေတဲ့အင်္ကျီတွေကိုချွတ်ပေးကာ မေမေက ရေပတ်တိုက်ပေးပြီး အင်္ကျီလဲပေးနေသည်။
ဖေဖေခေါ်လာတဲ့ ဆရာဝန်လည်းရောက်လာပြီမို့ ဆေးထိုးပေးပြီး သောက်ရမယ့်ဆေးတွေပေးသွားတာမို့ ဆေးသောက်ရမှာ ကြောက်တဲ့ကျနော့်မျက်နှာကတော့ အီးမှန်ထားတဲ့ရုပ်ဖြစ်နေမည်မှာ အသေအချာပင်။
"ဆေးသောက်ရမယ်ဆို ရုပ်က ကြည့်ဦး။ လာ ဆေးမသောက်ခင် ဆန်ပြုတ်လေးအရင်စားလိုက်နော်။ သားသားအကြိုက်လေးပြုတ်ထားတာ ဒါစား ဆေးသောက်ပြီး ခဏပြန်အိပ်လိုက်နော်"
မေမေပြောသလို ဆန်ပြုတ်သောက် ဆေးသောက်ပြီးတာနဲ့ အိပ်ပျော်သွားကာ နိုးလာတော့ မင်းမောင်ကိုမတွေ့။
နည်းနည်းသက်သာသွားပြီမို့ အင်္ကျီအပေါ်ထပ်ဝတ်ကာ အပြင်ထွက်ပြီး မင်းမောင်ကိုလိုက်ရှာတော့ ဝရံတာမှာ လက်ထောက်ပြီး အပြင်ကို ငေးနေတဲ့မင်းမောင်။
"မင်းမောင် ဘာလုပ်နေတာလဲ"
"ဟင် နိုးလာပြီလား။ သက်သာလား"
ပြောပြောဆိုဆိုနဲ့ နဖူးကိုစမ်းပြီး အင်္ကျီရင်ဘတ်ကို သေချာစေ့ပေးကာ
"နည်းနည်းအပူကျပြီဆိုပေမယ့် အအေးမခံနဲ့ဦး။ ညကျ ဆေးတလုံးထပ်တိုးသောက်ဦးနော်"
"ဘာဆေးလဲ။ အခုတောင် ဆရာဝန်ကပေးထားတာ ဆေးကသုံးမျိုးတောင်ကို"
"Pain killer ပါ။ ငါခုနက ဒီနားဆေးဆိုင်မှာ သွားမေးပြီးဝယ်လာတာ။ အနာသက်သာအောင် လိမ်းဆေးလည်း လူးလို့ရတယ်။ သောက်ဆေးလည်းသောက်ရမယ်တဲ့"