"ကင်မ်ထယ်ယောင်း မင်းကိုယ်ရေးကိုယ်တာခံစားချက်တွေကိုဖယ်ပြီး ဟေနာ့ကိုဆက်ဆံပေးလို့မရဘူးလား ဟေနာက ငါ့ရဲ့တရားဝင်ဇနီးမယား!"

ဂျောင်ကုစကားပြောနေရင်း မျက်လုံးထောင့်မှ ဂျော်နီကို ရုတ်တရက်မြင်လိုက်ပေမဲ့ မမြင်ချင်ယောင်ဆောင်လိုက်သည်။

ဒီကောင်က တစ်ချိန်လုံးကင်မ်ထယ်ယောင်းနောက်ကိုလိုက်နေပုံပင်။

 ဂျောင်ကုမည်သို့လုပ်ရမည်ကိုကြုံရမရသည်အဆုံး..

ခွပ်!!

ဆစ်ကနဲနာသွားသော ပါးတစ်ခြမ်းနှင့်အတူ ထယ်ယောင်းမှာ ရေကူးကန်ထဲသို့နောက်ပြန်လှန်ကျသွားသည်။

မောင်ကသူ့ကိုထိုးလိုက်တာ။ မောင်က ထိုမိန်းကလေးအတွက်နဲ့ သူ့ကိုထိုးလိုက်တာတဲ့လား။

 ရေကန်ထဲသို့ တစ်ရိပ်ရိပ်နှစ်မြှုပ်သွားသောခန္ဓာကိုယ်လေးတစ်ခု။

သူသတိရှိပါတယ်။ 

သို့ပေမဲ့ မလှုပ်ရှားချင်တော့ပါ။ 

အရာရာကိုစိတ်ပျက်လက်ပျက်ဖြစ်သွားတာလား။

 ဒါမှမဟုတ် မောင်ကသူ့ကိုချစ်နေသေးတယ်လို့ထင်တဲ့ ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာလားဆိုတာကိုတော့ မတွေးတတ်တော့ပါ။

"ဟျောင်း!"

သူနောက်ဆုံးကြားလိုက်တာ ဆော့ကီလေး၏အသံကိုပင်။

 မျက်ရည်စက်များက များပြားလှသောရေပမာဏနှင့်ရောနှောသွားတာကြောင့် မသိသာပါ။

 ဒါဆိုသူ့ရဲ့ခံစားချက်တွေကရော...။

အတိတ်ကိုပြန်ခေါ်သွားပေးပါ။

ဖေဖေ.. မေမေ။

ဝုန်း!!!

ဟိုဆော့မှာရေကန်ထဲသို့ခုန်ချသွားတာကြောင့် အခြေအနေမှာရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ 

"ကိုယ်တို့ပြန်မယ်"

ဂျောင်ကုမှာ ဟေနာ့ကိုလက်မှဆွဲပြီး ထိုမြင်ကွင်းထဲမှကျောခိုင်းခဲ့လိုက်သည်။ ပါးပြင်ပေါ်လှိမ့်ကျလာသော မျက်ရည်စက်များကို လက်ခုံဖြင့် မသိမသာသုတ်လိုက်ရင်း...။

Loading.. [COMPLETE]Where stories live. Discover now