'ဟျောင်းအခုဆင်းလာခဲ့မယ် ဆော့ကီလေး'

ထယ်ယောင်းဖုန်းအားချပြီး အောက်ထပ်သို့ဆင်းလာခဲ့တော့ သူ့လိုလက်ပြနေသောကောင်လေးတစ်ယောက်။

"ရော့ ဟျောင်းအတွက်"

ဆော့ကီလေး ကမ်းပေးလာသော ရွှေအိုရောင်ဖိတ်စာကိုယူလိုက်တော့ ထိုကောင်လေးက ပါးမို့မို့များပေါ်လာသည်အထိပြုံးပြသည်။

"အိမ်တော်ရဲ့Partyပွဲအတွက် ဟျောင်းက လာပေးလို့ရမလာ  "

"အားတော့နာပေမဲ့လေ ဟျောင်းက.."

"ကျွန်တော့်ကိုမငြင်းပါနဲ့လား"

တိုးရှရှနှင့် မှုန်လျလျမျက်ဝန်းအစုံကြောင့် ထယ်ယောင်းဝမ်းနည်းမိသွားတာအမှန်ပင်။

 သူ့အနေနဲ့ လူများတဲ့နေရာတွေကိုမကြိုက်သော်ငှား ဆော့ကီလေးကိုလည်းခင်တာကြောင့် ခေါင်းညိတ်လက်ခံလိုက်သည်။

"ဟျောင်းလာခဲ့ပါ့မယ်"

ချက်ချင်းပြုံးရိပ်သန်းသွားသော ဟိုဆော့၏မျက်ဝန်းအစုံ။

"ဒါဆို ကျွန်တော်ဒီညဟျောင်းကိုစောင့်နေမယ်နော် ဆက်ဆက်လာခဲ့ရမယ်နော်"

"စိတ်ချပါ"

ဟိုဆော့က လိုချင်တာရသွားသော ကလေးတစ်ယောက်လို ထယ်ယောင်းအားနှုတ်ဆက်ပြီး ကားပေါ်သို့တက်သွားသည်။ 

အချိန်ကလည်း အလုပ်ချိန်ကျော်သွားပြီးဖြစ်တာကြောင့် ထယ်ယောင်းလည်း အိမ်ပြန်ရေမိုးချိုးပြီး ပြင်ဆင်ရန်လုပ်ရတော့သည်။

ရေပန်းအားဖွင့်ချလိုက်တော့ စိတ်ရှုပ်စရာများက အနည်းငယ်သက်သာသွားသလိုပင်။ 

အညိုရောင်suitအား ဝတ်လိုက်ပြီး ဆံပင်အားသပ်သပ်ရပ်ရပ်ဖီးလိုက်ကာ အညိုရောင်နာရီလေးအားဝတ်ဆင်လိုက်သည်။ 

ကိုယ်လုံးပေါ်မှန်ထဲတွင်မြင်နေရသော.သူ့ပုံစံမှာ အချိုးကျကျဖြင့် ကြည့်ကောင်းလှသည်။

အိမ်ဖြူတော်၏ကြီးကျယ်ခမ်းနားမှုက အံ့မခန်းပင်။ပါတနာကိုယ်စီဖြင့် ပွဲတက်လာသော လုပ်ငန်းရှင်များ အနုပညာရှင်များကြားတွင် ထယ်​ယောင်းတစ်ယောက်တည်းသာ မျက်စိကလယ်ကလယ်ဖြင့်။

Loading.. [COMPLETE]Where stories live. Discover now