''မိန်းမကအနောက်ကကြည့်တော့ပိုဆွဲဆောင်မှုရှိတာဘဲ''

''မောင်နော်''

မျက်စောင်းလှမ်းထိုးပုံကအစလိုတရအတွက်ချစ်စရာ

''ဒီဘက်တိုးပါအုံး''

ခုတင်ပေါ်လှဲအိပ်တော့လိုတရကစွဲကိုသူ့ရင်ခွင်ထဲဆွဲသွင်း၏.......

''မောင့်ရင်ခွင်ကသိပ်နွေးတာဘဲ''

''ဟုတ်လား......မောင်ကခင်ဗျားတစ်ယောက်အတွက်ဘဲနွေးပေးတာနော်''

''special servicပေါ့''

''ဒါပေါ့...မောင့်အပိုင်တွက်သီးသန့်ဝန်ဆောင်မှု''

လိုတရကစွဲရဲ့နဖူးပြင်ကိုနမ်းရှိုက်ကာ

''အရင်ကမောင်အတ္တတွေများပြီးခင်ဗျားအပေါ်အမှားတွေအများကြီးလုပ်ခဲ့မိတာကိုပြန်တွေးမိတိုင်းအားနာရတယ်....အဲ့တာတွေတွက်အခုကစပြီးမောင်ကနေ့တိုင်းနှစ်ဆတိုးပြီးချစ်သွားပေးမှာမို့မောင့်ကိုပစ်မသွားပါနဲ့နော်''

''မောင်သာကျွန်မကိုမနှင်ထုတ်သရွေ့ကျွန်မမောင့်နားကပ်တွယ်နေမှာပါမောင်''

''ဒါဖြင့်ရင်မောင့်မိန်းမကပတ်ကျိကလေးပေါ့''

''မောင်နော်...အကောင်းပြောတာကို''

''မိန်းမသာပတ်ကျိလေးဖြစ်ရင်..ပတ်ကျိဝတုတ်လေးနေမှာ...''

''ဘာလဲ...မောင်ကကျွန်မကိုဝတယ်လို့ပြောချင်တာလား''

''မပြောရဲပါဘူး.....မောင့်မိန်းမဝလည်းမောင်ကချစ်မှာဘဲ...ဝတော့ဖက်လို့ပိုကောင်းတာပေါ့''

''စကားကလည်းတတ်ပြန်ပြီ..''

''အချစ်ကသင်သွားပေးတာပါနော်''

''တော်ပြီ..မောင်နဲ့ပြိုင်ပြောရင်မောရုံဘဲရှိမယ်..အိပ်တာဘဲကောင်းတယ်''

''အိပ်ပါဗျာ......အိမ်မက်ထဲမောင်လာခဲ့မယ်နော် ''

''လူလည်လေး''

''အပြင်မှာပန်းမပျိုးရတော့အိမ်မက်ထဲမောင်တို့ပန်းပျိုးကြတာပေါ့ကွာ''

''မောင်နော်..ညစ်တီးညစ်ပတ်တွေ''

''ဘယ်မှာညစ်တီးညစ်ပတ်လို့လဲ'

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Donde viven las historias. Descúbrelo ahora