EPISODE (2)

441 8 0
                                    

ငှက်‌ကလေးတွေ ကျလိကျလိ မနက်ခင်းရဲ့ နေရောင်ခြည်လေးက ဖျာကျလို့ အဖြူရောင် အခန်းလေးထဲမှာ အိပ်မောကျနေသူ ကောင်မလေးတစ်ယောက်ကို ချစ်လှစွာသော အပြုံးချိုချိုလေးနဲ့ ငေးကြည့်နေသူက သက်ဝေပိုင်။
ညက နည်းနည်းများသွားတာကြောင့် ဆုဇံထားကို အားနာပြီး သနားတဲ့မျက်လုံးလေးတွေနဲ့။ နှာတံနီတာရဲလေးရယ် ပါးမို့မို့ပန်းရောင်သန်းလေးရယ် နှုတ်ခမ်းနုနုဥဥလေးတွေ သက်ဝေပိုင်ကို တံတွေးမျိုချမိအောင်ပင်။ဒီလိုလူလေးက သက်ဝေပိုင်ရဲ့ အပိုင်တဲ့လား။ ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ပင်။

မောင်နှင့်မတို့ရဲ့ တွေ့ဆုံပုံက ရယ်လည်းရယ်ချင်စရာ။ စစတွေ့ချင်း သိတုန်းက မက ပုပုသေးသေး လုံးလုံးလေးပင်။ ထိုနေ့အကြောင်းလေးတွေကို တွေးမိရင်း ပြုံးတုံးတုံးလုပ်နေတုန်း

"ဝါးးး မောင်နိုးနေတာကြာပြီလား"

"မတောင် နိုးလာပြီပဲ"

"နိုးမှာပေါ့ လူကို ဒီလောက်တောင် စိုက်ကြည့်နေတာကို အား ကျွတ် ကျွတ်"

"အယ် မ အရမ်းနာနေတာလား ‌ညကများသွားတယ် ထင်တယ် ဟီး"

"အာ ရှက်စရာကြီးတွေ မောင်နော် လူဆိုးမလေး"

" မကပဲ ရှက်ရ‌တယ်ရှိသေး ညကကျ မောင်ပေးတော့ ဆိုပြီး တောင်းနေတာ ကလေးမုန့်တောင်းသလိုပဲ"

"ဘုန်း"

"အား ဖြည်းဖြည်းရိုက်ပါ မရယ် နာလိုက်တာ ကျောကို ပူထူသွားတာပဲ

" သက်ဝေပိုင် သွား လုပ်စရာရှိတာလုပ် သူများ ကုမ္ပဏီသွားရမယ် စနောက်မနေနဲ့"

"ဟင့် ဟုတ်ကဲ့ မောင်အောက်မှာ မနက်စာလုပ်ပေးထားမယ် ဆင်းခဲ့နော် ပြွတ်"

" ဟာ လူဆိုးမလေး"

" ဘလာ ဘလာ"

မောင်‌ကလေ သိပ်ကလေးဆန်တာပဲ။ ခုလည်းကြည့် လူကို စနောက်ပြီး နှုတ်ခမ်းကို နမ်းသွားသေးတယ်။ ညစ်တီးညစ်ပတ်မလေး။ ဒီလူကိုပဲ ချစ်နေရတာ အသဲကို ပိုပါတယ်လို့ စိတ်ထဲကတွေးရင်း ရှက်သွေးဖြာ နေတဲ့ ကိုယ့်ပါးလေးကိုင်ကာ တစ်နေ့တာကို ဖြတ်သန်းဖို့ ပြင်ဆင်ရဦးမည်။

Come!  Get Into My Life!!Where stories live. Discover now